ကမ်ပိန်းအတွက် ‌‌ဒေါ်လာ ၁.၁၅ သန်း‌ကျော်် သုံးခဲ့တယ်လို့ ဆိုပါတယ်

Facebook ဟာ မြန်မာနိုင်ငံမှ MyTel နဲ့ ဗီယက်နမ် Viettelတို့နဲ့ ဆက်စပ်မှုရှိနေတဲ့ အကောင့်တု ၁၃ ခုနဲ့ page ၁၀ ခုကို ဖယ်ရှားကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဖယ်ရှားလိုက်တဲ့ pages အတုအယောင်တွေဟာ ပြိုင်ဘက်တယ်လီကွန်းကုမ္ပဏီတွေကို အသရေဖျက်ဖို့ ရည်ရွယ်ပြီး အစီအစဉ်တကျ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ Facebook ရဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Facebook ဟာ ဗီယက်နမ်မှ Viettel နဲ့ မြန်မာတယ်လီကွန်းအော်ပရေတာဖြစ်တဲ့ MyTel တို့နဲ့ ဆက်စပ်နေတဲ့ ဒါဇင်နဲ့ ချီတဲ့ အကောင့်နဲ့ pages တုတွေကို ဖယ်ရှားခဲ့တာပါ။



Photo: Facebook Newsroom

Facebook ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်အရ လွတ်လပ်တဲ့ တယ်လီကွန်းသတင်းဌာနအယောင်ဆောင်ထားတဲ့ ဒီ page တုတွေကို ဖန်တီးတဲ့ နောက်ကွယ်က လူတွေဟာ ပြိုင်ဘက် တယ်လီကွန်းအော်ပရေတာတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းအချက်အလက်တွေ ဖြန့်ဖြူးတာ ၊ စီးပွားရေး ပြိုလဲနေပြီး ဈေးကွက်က နှုတ်ထွက်မယ့်အကြောင်း သတင်းမှား လွှင့်တာ အပြင် တစ်ခြား လိမ်လည် လှည့်ဖျားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

" Page ကိုင်တဲ့ admin နဲ့ အကောင့် ပိုင်ရှင်တွေဟာ ပြိုင်ဘက် service provider တစ်ချို့ မြန်မာနိုင်ငံ ဈေးကွက်ကနေ ထွက်ခွာဖို့ ပြင်နေတဲ့အကြောင်း ၊ စီးပွားရေး ကျဆင်းနေတဲ့အကောင်း မဟုတ်မမှန်တဲ့ သတင်းအကြောင်းအရာတွေကို အင်္ဂလိပ်နဲ့ မြန်မာဘာသာနှစ်မျိုးနဲ့ Share ကြပါတယ်။"လို့ Facebook ရဲ့ လုံခြုံရေးမူဝါဒရေးရာ အကြီးအကဲ နသန်နီယယ် ဂလိုက်ချာက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို လုပ်ဆောင်ခဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားထားပေမယ့် တယ်လီကွန်းအော်ပရေတာ နှစ်ခု ဖြစ်တဲ့ MyTel ၊ Viettel နဲ့ ဗီယက်နမ် PR လုပ်ငန်းတစ်ခု Gapit Communications တို့နဲ့ ဆက်စပ်မှု ရှိနေကြောင်း Facebook က ထုတ်ပြန်ပါတယ်။ ဒီကမ်ပိန်းကို လုပ်ဆောင်ဖို့ Facebook ပေါ်မှာ ကြေညာအဖြစ် ဒေါ်လာ ၁၁၅၅၀၀၀ (၁.၁၅ သန်းကျော်) ဝန်းကျင် သုံးစွဲခဲ့ပြီး ငွေပေးချေမှုကိုတော့ အမေရိကန်ဒေါ်လာနဲ့ ဗီယက်နမ်ဒေါင်ငွေတို့နဲ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

Photo:medium


page အတု တစ်ခုနဲ့ အထက်မှာ follower ပေါင်း ၂၆၅၆၀၀ ခန့် ရှိတယ်လို့လည်း Facebook သတင်းခန်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Facebook ရဲ့ ဖေ‌ဖော်ဝါရီ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ မြန်မာနဲ့ ဗီယက်နမ်တို့အပြင် ရုရှား နဲ့အီရန်တို့မှ မဖြောင့်မှန်တဲ့ လုပ်ရပ်များ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Facebook အကောင့်များ ၊ pages များ ၊ groups များ Instagram အကောင့်များကို ဖယ်ရှားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

Share

Loading Next Article...
က္က