ပါလ်ဟင်ဟာအတွက် နစ်နာခဲ့ပါတယ်။

ဖူလ်ဟမ်ကွင်းလယ်လူ ပါလ်ဟင်ဟာတစ်ယောက် နောက်ဆုံးအချိန်ရောက်မှ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့မယ့်ကိစ္စ ပျက်ပြယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ဆေးစစ်မှုတွေ ခံယူပြီးမှ အခုလိုပဲ ကံဆိုးသွားခဲ့တာပါ။



ဘိုင်ယန်မြူးနစ်ဟာ ပါလ်ဟင်ဟာအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၁.၇) သန်း ပေးချေဖို့ သဘောတူညီခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း ဂျာမနီမြေကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ဖူလ်ဟမ် အကြီးအကဲတွေဘက်က သင့်တော်တဲ့ အစားထိုးမှုမရရှိခဲ့တာကြောင့် ပါလ်ဟင်ဟာကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာပါ။

ပါလ်ဟင်ဟာအနေနဲ့ ဘိုင်ယန်မြူးနစ်ဂျာစီ ကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်ဖို့သာ ကျန်ရှိတော့ချိန်မှ အခုလိုမျိုး အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ပါလ်ဟင်ဟာကို လက်လွှတ်ခဲ့ပြီးနောက် ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တွမ်မီနေးကိုယ်တိုင်က ဖူလ်ဟမ်ကို ပြောင်းရွှေ့ဖို့အတွက် ငြင်းဆန်သွားခဲ့တာကြောင့် ဖူလ်ဟမ်ဘက်ကလည်း အခုလိုမျိုးပဲ ပါလ်ဟင်ဟာကို မရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘွန်ဒက်စ်လီဂါရဲ့ နွေရာသီအပြောင်းအရွှေ့က ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ပါလ်ဟင်ဟာအတွက် ဘိုင်ယန်မြူးနစ်နဲ့ ဖူလ်ဟမ်တို့ အပြောင်းအရွှေ့နောက်ဆုံးရက်ရဲ့ နောက်ဆုံးအချိန်အထိ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖူလ်ဟမ်က သင့်တော်တဲ့ အစားထိုးမှု မရရှိဘဲ ပါလ်ဟင်ဟာကို လက်မလွှတ်လိုတာကြောင့် အခုလိုမျိုးပဲ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က