ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲကို ကစားရမှာပါ။

သင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး မြူးနစ်မှာ အံ့အားသင့်ဖွယ်ညတညကို ဖန်တီးချင်တယ်လို့ ဆိုခဲ့ပါတယ်။


ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့အတွက် မြူးနစ်မှာ ဘိုင်ယန်မြူးနစ်နဲ့ အဆုံးအဖြတ်ပွဲကစားရတော့မယ့်အချိန်မှာ ဒီပိုင်းက လက်စားပြန်ချေမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာကာရဲ့ တောင်ပံတိုက်စစ်ကစားသမားက အသင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး မြူးနစ်မှာ အံ့အားသင့်ဖွယ်ညတညကို ဖန်တီးချင်တယ်လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာဟာ အုပ်စုကတက်ရောက်နိုင်ဖို့အတွက် ဘင်ဖီကာနဲ့အပြိုင်ဖြစ်နေပြီး ဘိုင်ယန်ကို အနိုင်မရခဲ့ဘဲ အခြားရလဒ်တွေထွက်ခဲ့မယ်ဆိုရင် တဖက်မှာ ဘင်ဖီကာက အနိုင်ရတာနဲ့ နောက်တဆင့်ကို ဘိုင်ယန်နဲ့အတူ တက်ရောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်မနေနိုင်ပွဲရဖို့က ဘာစီလိုနာအတွက် အရေးကြီးနေသလို ဖိအားအကြီးကြီးလည်းဖြစ်နေပါတယ်။ 

"စိတ်ပိုင်းဆိုင်ရာကိုပါ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်၊ ဒါက ဗိုလ်လုပွဲလိုပါပဲ၊ အမြင့်ဆုံးပေါက်ကွဲမှုနဲ့ ကစားဖို့လိုအပ်နေပြီး မိနစ် ၉၀ လုံးလုံး လုပ်ပြရမှာပါ၊ ဘင်ဖီကာရဲ့ ရလဒ်အပေါ်မှာလည်း မူတည်နေပေမယ့်လည်း ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ထားရမှာပါ၊ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ကျွန်တော်တို့အတွက် နောက်ဆုံးအခွင့်အရေးပါပဲ"

"သူတို့ကို လက်စားပြန်ချေချင်တယ်ဆိုတာကလည်း အသေအချာပါပဲ၊ အရာအားလုံးက ကျွန်တော်တို့ ဘယ်လောက်ထိကြိုးစားလဲဆိုတဲ့အပေါ်မှာ အဆုံးအဖြတ်ပေးသွားမှာပါ၊ လိုချင်တဲ့ရလဒ်ရဖို့ လုပ်နိုင်သမျှ အားလုံးလုပ်သွားမှာဖြစ်ပြီး အရာအားလုံးကို ယုံကြည်မှုနဲ့ စတင်ရပါလိမ့်မယ်၊ ကျွန်တော်တို့က ဘာစီလိုနာပါ၊ မဖြစ်နိုင်တာဘာမှမရှိပါဘူး၊ ဒါကို ပရိသတ်တွေလည်း သိကြပါတယ်" လို့ ဒီပိုင်းက ပြောဆိုခဲ့ပါတယ်။ 


ပထမအကျော့က နူးကမ့်မှာ တွေ့ဆုံခဲ့စဉ်ကတော့ ဘာစီလိုနာက ၃-၀ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ မြူးနစ်မှာ အနိုင်ရဖို့က မလွယ်ကူဘူးလို့ အားလုံးက ယူဆထားကြပြီး ဘာစီလိုနာအနေနဲ့ ယူရိုပါလိဂ်ကို ဆင်းကန်ရမယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ 


Share

Loading Next Article...
က္က