အောင်ထက်ဟာ သူ့ရဲ့မွေးနေ့ကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)
အဆိုတော် အောင်ထက်ကတော့ ဒီနေ့ (သြဂုတ်လ ၁၇ ရက်) မှာကျရောက်တဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ မွေးနေ့ အလှူကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)
အောင်ထက် အတွက် မွေးနေ့ ဆုတောင်းကို ဦးကျော်သူနဲ့အတူ နာရေးကူညီမှုအသင်းသူ၊ အသင်း သား တွေကလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။
Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)
အောင်ထက်က အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့...မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အောင်ထက်ဟာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။