နာဂတိုင်းရင်းသူလေးဖြစ်တဲ့ မာရီကိုးလ်ဟာ နာဂဒေသမှာရှိတဲ့ နာဂလူမျိုးတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေကို သွားရောက်လှူဒါန်းနေပါပြီ။ သူငယ်ချင်းဖြစ်တဲ့ ခင်သဇင်ကလည်း အကူအညီတွေ ပေးခဲ့တာကို တွေ့ရပါတယ်။
Photo: Mari cole
မာရီကိုးလ်ဟာ နာဂဒေသမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို သွားရောက် လှူဒါန်းနေပြီဖြစ်ပါတယ်။
Photo: Mari cole
မာရီကိုးလ်ရဲ့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ခင်သဇင်ကလည်း လိုအပ်တဲ့ဆေးဝါးတွေကို ကုမ္မဏီတွေနဲ့ ချိတ်ဆက်ပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း နာဂဒေသရဲ့ ကျန်းမာရေးအခြေအနေက မကောင်းကြဘူးလို့လည်း Duwun Media ကို ခင်သဇင်က ပြောပြခဲ့ဖူးပါတယ်။
‘’ ကလေးတွေကဟိုမှာ အရမ်းဖျားနာပြီး အသေအပျောက်လည်းများကြတော့ မာရီကိုးက ကိုယ်တိုင်သွားမှာပေါ့။ သဇင်ကတော့ သတင်းအတိအကျရအောင် လိုအပ်တဲ့ ဆေးဝါးပစ္စည်းလေးတွေကို သိချင်လို့ စာရင်းလေးကောက်ပေးပါလားလို့ အကူအညီတောင်းတာပေါ့နော်။ ဒီဘက်ကလည်း အမြဲလှမ်းပို့ပေးလို့ရအောင် ပင်တိုင်လှူတဲ့သူရှိရင်တော့ ကောင်းတာပေါ့နော်။ သဇင်ကတော့ အလှူအကျိုးဆောင်ပေါ့နော်။ ဘာပဲပြောပြော ကုမ္မဏီတစ်ခုက လှူလိုက်ရင် နောက်ထပ် ကုမ္မဏီတွေကလည်း လှူလို့ရအောင် တွေးပြီးတော့ အလှူခံတာပါ’’လို့ သူကဆိုပါတယ်။
Photo: Mari cole
မာရီကိုးဟာ နာဂတိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတာကြောင့် မော်ဒယ်သင်တန်းတက်ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာဖြစ်သလို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိအားပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း ပရိသတ်အခိုင်အမာ ရရှိလို့နေပါပြီ။