စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူခဲ့ပါသေးတယ်။

မာရီကိုးလ်ဟာ နာဂတိုင်းရင်းသားတွေအတွက် ဆေးဝါးနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေကို သွားရောက်လှူဒါန်းခဲ့ပြီလို့ဆိုပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးတွေလည်း ပြောပြခဲ့ပါတယ်တဲ့။ 

Photo: မာရီကိုးလ်



မော်ဒယ်လ်သရုပ်ဆောင် မာရီကိုးလ်ဟာ နာဂတိုင်းရင်းသားတွေရဲ့ ကျန်းမာရေးကို အလေးထားတဲ့အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို သွားရောက်လှူဒါန်းနေတာ တွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း နာဂတိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။

‘’အခုလ ၂၄ ရက်နေ့က စတင်ပြီး ကျွန်မ မာရီကိုးလ် ဦးဆောင်တဲ့ အဖွဲ့ဟာ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာကို ဆန်၊ အဝတ်အထည်များ၊ ဒုံဟီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်အတွက် ဆေးဝါးများ၊ ကလေးငယ်များအတွက် ထီး၊ မိုးကာအကျႌ၊ ကျောပိုးလွယ်အိတ်များ လှူဒါန်းခဲ့ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့ မနက် စောစော ၁၂ နာရီ ၅၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



Photo: မာရီကိုးလ်

မာရီကိုးလ်ရဲ့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ခင်သဇင်ကလည်း လိုအပ်တဲ့ဆေးဝါးတွေကို ကုမ္မဏီတွေနဲ့ ချိတ်ဆက်ပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း နာဂဒေသရဲ့ ကျန်းမာရေးအခြေအနေက မကောင်းကြဘူးလို့လည်း Duwun Media ကို ခင်သဇင်က ပြောပြခဲ့ဖူးပါတယ်။

‘’ကလေးတွေကဟိုမှာ အရမ်းဖျားနာပြီး အသေအပျောက်လည်းများကြတော့ မာရီကိုးက ကိုယ်တိုင်သွားမှာပေါ့။ သဇင်ကတော့ သတင်းအတိအကျရအောင် လိုအပ်တဲ့ ဆေးဝါးပစ္စည်းလေးတွေကို သိချင်လို့ စာရင်းလေးကောက်ပေးပါလားလို့ အကူအညီတောင်းတာပေါ့နော်။ ဒီဘက်ကလည်း အမြဲလှမ်းပို့ပေးလို့ရအောင် ပင်တိုင်လှူတဲ့သူရှိရင်တော့ ကောင်းတာပေါ့နော်။ သဇင်ကတော့ အလှူအကျိုးဆောင်ပေါ့နော်။ ဘာပဲပြောပြော ကုမ္မဏီတစ်ခုက လှူလိုက်ရင် နောက်ထပ် ကုမ္မဏီတွေကလည်း လှူလို့ရအောင် တွေးပြီးတော့ အလှူခံတာပါ’’လို့ သူကဆိုပါတယ်။

Photo: မာရီကိုးလ်

မာရီကိုးဟာ နာဂတိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတာကြောင့် မော်ဒယ်သင်တန်းတက်ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာဖြစ်သလို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိအားပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း ပရိသတ်အခိုင်အမာ ရရှိလို့နေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က