''ကမ်းမဲ့လှေ'' ဆိုတဲ့ သီချင်းလေးဖြစ်ပါတယ်။

နန်းဆုရတီစိုးက ‘’ကမ်းမဲ့လှေ’’ ဆိုတဲ့ သီချင်းအသစ်လေးကို မိတ်ဆက်ပေးလိုက်တဲ့ တစ်ရက်အတွင်းမှာ ကြည့်ရှုအားပေးတဲ့သူ တစ်သန်းရှိခဲ့ပါတယ်။ ဒီသီချင်းကိုတော့ အဆိုတော် G-Fatt ကိုယ်တိုင် ရေးသားပေးခဲ့တယ်လို့ သိရပါတယ်။

Photo: Nan Su Yati Soe

နန်းဆုရတီစိုးရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ ‘’ကမ်းမဲ့လှေ’’ သီချင်းလေးဟာ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တဲ့ တစ်ရက်အတွင်းမှာ အားပေးကြည့်ရှုသူ တစ်သန်းပြည့်သွားတယ်လို့ သိရပါတယ်။ နန်းဆု ကိုယ်တိုင်ကလည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’ကမ်းမဲ့လှေ MV လေး ထွက်ထွက်ချင်း 24 hours မှာ 1M views ဖြစ်သွားလို့ အရမ်းပျော်ပါတယ်။ အားပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီသီချင်းလေးကို ရေးစပ်ပေးပြီး ရိုက်ကူးဖန်တီးပုံဖော်ပေးပါသော G fatt၊ သေချာအသေးစိတ် စိတ်ရှည်လက်ရှည် ရိုက်ကူးတည်းဖြတ်ပေးပါသော သီဟ Dyno နှင့် အဖွဲ့သားများ, လှလှလေးလိမ်းခြယ်ပေးပါသော make up - Ci Ci, ဝတ်စုံလှလှလေးတွေ ချုပ်ပေးတဲ့ designer မပုံ့,ရိုက်ကူးရေးအဆင်ပြေစေရန် နေရာကူညီပေးပါသော Gerizim Hotel ( Chaung Thar beach ) , အမိုက်စားmusic ကို ဖန်တီးပေးပါသော music producer- Myo Zaw Htet , Harmony - Hnin Pwint , Margaret , CG -Lwin Min Soe ,Myo Thura Swe တို့နှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်’’ ဆိုပြီးတော့ မေလ ၁၃ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Nan Su Yati Soe

‘’ကမ်းမဲ့လှေ’’ သီချင်းကို မေလ ၁၂ ရက်နေ့ ည ၈ နာရီ ၂ မိနစ်က နန်းဆုရတီစိုးရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် မေလ ၁၃ ရက်နေ့ ည ၈ နာရီမှာ 1,108,407 views ရှိခဲ့တာ တွေ့ရပါတယ်။

‘’အထူးသဖြင့် မထွက်ခင်အချိန်ထဲအားပေးဖို့စောင့်မျှော်နေကြတဲ့ we love လေးတွေ နှင့် ဒီသီချင်းလေးကို အားပေးနှစ်သက်ကြတဲ့ ချစ်ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်’’ လို့လည်း နန်းဆုရတီစိုးက ဆက်လက် ရေးသားခဲ့ပါသေးတယ်။

Photo: Nan Su Yati Soe

အဲဒီနောက် နန်းဆုရတီစိုးရဲ့ ‘’ ကမ်းမဲ့လှေ’’ သီချင်းကို ရေးသားခဲ့တဲ့ အဆိုတော် G-Fatt ကလည်း ဒီသီချင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။

‘’မိန်းခလေး သီချင်းတွေရေးရတာ ကျွန်တော့်အတွက် မလွယ်ကူလှပါဘူး ဒီတစ်ပုဒ်လဲ အပါအဝင်ပေါ့။ ကျွန်တော် ဖန်တီးချင်တဲ့ပုံစံကို စိတ်တိုင်းကျ ရိုက်ကူးပေးတဲ့ Thiha Dyno တို့ အဖွဲ့ကို ကျေးဇူးအများကြီး တင်ပါကြောင်း’’ ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Nan Su Yati Soe

နန်းဆုရတီစိုး(Nan Su Yati Soe) ရဲ့ ‘’မေမေ ဆူမှာစိုးလို့’’ ဆိုတဲ့ သီချင်း MTV တုန်းကလည်း G-Fatt ကိုယ်တိုင်ပဲ ရေးပေးခဲ့တာ တွေ့ရပါတယ်။ အဲဒီ သီချင်းတုန်းကလည်း အခုလိုပဲ တစ်ရက်အတွင်းမှာ အားပေးကြည့်ရှုသူ ပရိသတ် ၁ သန်းကျော်တောင် ရှိခဲ့တာကို တွေ့ရပါတယ်။

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က