ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။

ဒီကနေ့ မေလ(၂)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံမှာအနှံ့အပြားမှာ တိုင်းဒေသကြီးပြည်နယ်အလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗဒမှုညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။ 

ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးအလိုက် နေရာကွက်ကျားမှ၊ နေရာစိပ်စိပ်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ 

“ အခုလို ကာလက အပူချိန်မြင့်တက်နေတဲ့ကာလတွေဖြစ်လို့ နေ့အပူချိန်မြင့်တက်လာရင်ဒေသအတွင်းမှာရှိတဲ့ ရေခိုးရေငွေ့တွေအပူပြန်လာပြီး မွန်းလွဲပိုင်းတွေမှာ မိုးတိမ်ဖြစ်ထွန်းမှုဖြစ်စဉ်တွေကိုသတိပြုသင့်တယ်။ ဒီလိုချိန်မှာမိုးရွာရင် လေပြင်းတိုက်တာတွေ၊မိုးသီးကြွေတာတွေနဲ့၊ မိုးကြိုးပစ်တာတွေကို သတိပြုသင့်တယ်” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

လက်ရှိအချိန်မှာ မုန်တိုင်းသတင်းနဲ့ ပတ်သက်ပြီး မိုးဇလက အသိပေးထားရာမှာကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကလည်း ဆက်လက်တည်ရှိနေတာကြောင့် (၇၂)နာရီအတွင်းမှာ အဆိုပါလေဖိအားနည်းရပ်ဝန်းကပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာတယ်လို့ အသိပေးပြောကြားထားပါတယ်။ မုန်တိုင်းငယ်ဖြစ်လာပါက မြန်မာနိုင်ငံကိုဝင်ရောက်နိုင်ခြင်းရှိ၊ မရှိကိုတော့ မေလ (၅)ရက်နေ့မှ ခန့်မှန်းနိုင်မယ်လို့ ဦးကျော်မိုးဦးကပြောပါတယ်။ 

Share

Loading Next Article...
က္က