ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။

မေလကုန်ပိုင်းက ဈေးကွက်မှာ ရောင်းချခဲ့တဲ့ Redmi K20 Pro ဟာ တရုတ်ဈေးကွက်မှာ စတင်ရောင်းချကတည်းက ဝယ်လိုအား မြင့်တက်နေခဲ့တယ်လို့ဆိုပါတယ်။


         Xiaomi ရဲ့ flagship brand သစ်ဖြစ်တဲ့ Redmi K20 Pro ဟာ မေလ ၂၈ ရက်နေ့က မိတ်ဆက်သွားတဲ့ ဖုန်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့က စတင်ရောင်းချခဲ့တာပါ။ Redmi ရဲ့ Weibo ပေါ်မှာ ပြန် Share တဲ့ ပိုစတာတစ်ခုအရ Redmi K20 Pro ဟာ စတင်ရောင်းချချိန်ကနေ ၁ နာရီ ၄၅ မိနစ်မှာ စုစုပေါင်း အလုံးရေ ၂ သိန်း ရောင်းထွက်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။

Photo: Android Authority

         Redmi K20 Pro ဟာ pop-up ကင်မရာ ပထမဆုံး သုံးတဲ့ Xiaomi ဖုန်းဖြစ်ပြီး မျက်နှာပြင် ၆.၃၉ လက်မ AMOLED display သုံးထားတာပါ။ ဒီမှန်ပြင်အောက်မှာတော့ သတ္တမမျိုးဆက် in-display လက်ဗွေနည်းပညာ ထည့်သွင်းထားပြီး screen အကြာကြီး ကြည့်ချိန်မှာ မျက်စိမနာစေဖို့DC Dimming နဲ့brightness level မှာ 600 nits အထိ ရှိတယ်လို့ဆိုပါတယ်။ 4000 mAh ဘက်ထရီနဲ့လာတဲ့ ဒီဖုန်းဟာ 27W fast charging အားသွင်းနည်းပညာသုံးထားတာ ဖြစ်လို့နာရီဝက်အတွက် အား ၅၈% ဝင်မယ်လို့ဆိုပါတယ်။

         ကျောဘက်မှာ Sony IMX586 sensor ပါတဲ့ 48MP primary ကင်မရာ ၊ 2x optical zoom ဆွဲရိုက်နိုင်မယ့် 8MP telephoto lens နဲ့၁၂၄ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 13MP wide-angle ကင်မရာတို့သုံးထားပြီး ဆယ်လ်ဖီကင်မရာကတော့ pop-up 20MP ကင်မရာ သုံးလာတာ ဖြစ်ပါတယ်။ high-end ဖုန်းအဖြစ် ဈေးကွက်ထဲ မိတ်ဆက်လိုက်တဲ့ Redmi K20 Pro ဟာ Snapdragon 855 processor နဲ့လာပြီး RAM/storage ဗားရှင်း ၄ မျိုးနဲ့ထွက်ထားတာပါ။

Photo: GSMArena

         Redmi K20 Pro ရဲ့ အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ဗားရှင်းကို ၂၄၉၉ ယွမ် ( မြန်မာငွေ ၅ သိန်းခွဲခန့်) ၊ RAM 6GB/128GB storage ကို ၂၅၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ၊ RAM 8GB/128GB storage ကို ၂၇၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၁ သောင်းကျော်) နဲ့အမြင့်ဆုံးမော်ဒယ် RAM 8GB/256GB storage ကို ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၆ သောင်းကျော် ) ဈေးနဲ့ရောင်းချနေတာ ဖြစ်ပါတယ်။

         Xiaomi ဟာ Redmi K20 Pro စရောင်းတဲ့နေ့မှာ ပစ္စည်းပြတ်လပ်သွားခဲ့တာကြောင့် နောက်ထပ် Sale Day ကို ဇွန်လ ၄ ရက် သတ်မှတ်ထားပြီး pre-orders တွေလည်း လက်ခံထားတယ်လို့ဆိုပါတယ်။ 

Share

Loading Next Article...
က္က