ရစ်ချာလီဆန်က ပြိုင်ဘက်ကို မထိတထိ ကစားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့စပါးတို့ရဲ့ ပွဲစဥ်မှာ စပါးက ဟယ်ရီကိန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်းမှာတော့ စပါးဘက်က လူစားဝင်ကစားသမား ရစ်ချာလီဆန်က ပြိုင်ဘက်ကို ရိသဲ့သဲ့ကစားခဲ့ပြီး သူ့ကိုလည်း နော်တင်ဟမ်ကစားသမား ဘရန်နန်ဂျွန်ဆင်က ချက်ချင်း လူချကစားခဲ့ပါတယ်။



ဒီပွဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သူ့အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၀၀) နဲ့ (၂၀၁) ဂိုးမြောက် သွင်းဂိုးတွေကိုရရှိရှု (၂၀၀) နဲ့ (၂၀၁) ဂိုးမြောက် သမ်ကစားသမား ဘတေတာလေခဲ့ပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ဟယ်ရီကိန်း ပင်နယ်တီရရှိခဲ့သေးပေမယ့် နော်တင်ဟမ်ဂိုးသမား ဒင်းဟန်ဒါဆန်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်မှာ ဟယ်ရီကိန်းက ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ရစ်ချာလီဆန်က ဒီဂိုးအတွက် ဖန်တီးပေးခဲ့တာပါ။

ရစ်ချာလီဆန်ဟာ ဒုတိယပိုင်းမှ ဆွန်ဟောင်မင်နေရာကို လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ စပါးတို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားချိန် ပွဲပြီးခါနီး မိနစ် နှောင်းပိုင်းတွေမှာတော့ ရစ်ချာလီဆန်တယောက် ပြိုင်ဘက်ကို ဆွကစားခဲ့ပါတယ်။ ဘစ်ဆိုမာနဲ့ အပေးအယူလုပ်နေရင်း ရလာတဲ့ ဘောလုံးကို ရစ်ချာလီဆန်က သုံးချက်လောက် 'တော့' ပြီးမှ ပြန်ပေးခဲ့ပါတယ်။


ဒါပေမယ့် သူ့ဆီ ချက်ချင်းဆိုသလို ဘောလုံးပြန်ရလာချိန်မှာတော့ ပြိုင်ဘက်ကစားသမား ဂျွန်ဆင်က ရစ်ချာလီဆန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ခပ်ကြမ်းကြမ်းကစားခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို စီစဥ်တင်ဆက်နေတဲ့ ကာရေဂါကိုယ်တိုင် အံ့အားသင့်စွာ အော်ဟစ်ခဲ့ရပြီး ကွင်းလယ်ဒိုင် ခရိတ်ပေါ်ဆင်ကလည်း ဂျွန်ဆင်ကို အဝါကတ်ပြသတိပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပွဲက အနည်းငယ်ကြမ်းသွားခဲ့ပြီး ပရိသတ်တွေကလည်း “ရစ်ချာလီဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) သုံးရတာတန်ပါတယ်” “ရစ်ချာလီဆန်က ဒီပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ပြီး အားလုံးကို သွေးဆူစေခဲ့ပါတယ်” “ငါသာ ဂျွန်ဆင်နေရာမှာဆိုလည်း ပုံစံတူလုပ်ပေးလိုက်မှာ” အစရှိသဖြင့် အမျိုးမျိုးမှတ်ချက်ပြု ဝေဖန်နေကြပါတယ်။  

Share

Loading Next Article...
က္က