ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်သွင်းနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ချယ်လ်ဆီးနဲ့ သရေကျခဲ့တဲ့ လီဗာပူးလ်ဟာ ဘုန်းမောက်နဲ့ပွဲမှာတော့ နိုင်ပွဲရအောင် ယူနိုင်ခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ပြီး ဒီရာသီ ပထမဆုံးနိုင်ပွဲကို စတင်ရယူနိုင်ခဲ့ပါတယ်။ ဘုန်းမောက်ကတော့ လီဗာပူးလ်ရဲ့ ဖိအားပေးမှုကို တောင့်မခံနိုင်ဘဲ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပါတယ်။ 

အာနိုးလ်ရဲ့ အမှားကတဆင့် ဘုန်းမောက်တို့ အဖွင့်ဂိုးစရခဲ့ပြီး ချေပဂိုးရဖို့ လီဗာပူးလ်က တင်ကစားလာချိန်မှာတော့ သူတို့ မထိန်းနိုင်တော့ပါဘူး။ ဆက်တိုက်ဖိအားပေးခံရတဲ့နောက်မှာ ခံစစ်ပိုင်းပြိုကွဲခဲ့ပြီး ဒီယက်ဇ်က လှပတဲ့ ကန်သွင်းဟန်နဲ့ ချေပဂိုးသွင်းကာ ဇိုဘော့စ်ဇလိုင်ကြောင့် ရတဲ့ ပင်နယ်တီကတဆင့် ဆာလာကန်သွင်းတာ မဝင်ပေမယ့် ထပ်ဆင့်ပိတ်သွင်းပြီး ဦးဆောင်ဂိုးရကာ ပထမပိုင်းကို ၂-၁ နဲ့ ဦးဆောင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ အယ်လစ္စတာ ပြိုင်ဘက်ကို အဝင်ကြမ်းလို့ တိုက်ရိုက်အနီကတ်ပြလိုက်ရပါတယ်။ ဒါက လီဗာပူးလ်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် တယောက်လျော့ပြီး မကြာခင်ပဲ ဂျိုတာက​ေ နောက်ထပ်ဦးဆောင်ဂိုးထပ်သွင်းခဲ့တာကြောင့် လီဗာပူးလ်အသက်ရှုချေခာင်သွားပြီး ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ 

ဒီယက်ဇ်ကတော့ အသင်းအတွက် ခြေစွမ်းပြနေပြီး ချယ်လ်ဆီးနဲ့ပွဲတုန်းကလည်း ဂိုးသွင်းခဲ့လို့ ၂ပွဲဆက်တိုက်ဂိုးရခဲ့ပါပြီ။ လီဗာပူးလ်တိုက်စစ်က ဂျိုတာ၊ ဒီယက်ဇ်၊ ဆာလာတို့ကြောင့် တော်တော်လေးအေားကောင်းနေပြီး ဆာလာသာ တကိုယ်ကောင်းမဆန်ရင် ပိုကောင်းတဲ့ပုံစံဖြစ်လာဖို့ရှိနေပါတယ်။ 

ဘရိုက်တန်တို့ ချေပဂိုးပြန်မသွင်းနိုင်တော့လို့ ပွဲက ၃-၁ နဲ့ ပြီးဆုံးခဲ့ကာ အန်ဖီးလ်မှာ လီဗာပူးလ်တို့ အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ကစားသမားသစ် အန်ဒိုလည်း ပါဝင်ကစားပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က