နိုင်ငံအသင်းက အနားယူချင်နေတဲ့ နေမာကို သီယာဂိုဆေးလ်ဗားက အားပေးစကားပြောကြားခဲ့တာပါ။

ဘရာဇီးလူမျိုး နောက်ခံလူကြီး သီယာဂိုဆေးလ်ဗားက နိုင်ငံတကာ ကစားသမားဘဝကို ရှေ့ဆက်ဖို့ စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရတယ်ဆိုတဲ့ နေမာကို အားပေးစကားပြောကြားလိုက်ပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ နေမာက လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တယ်လို့ဆိုခဲ့ပြီး ဒါဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေက နိုင်ငံတကာ ကစားသမားဘဝရဲ့ ဖိအားဒဏ်တွေကို ဆက်လက်ခံနိုင်ရည်ရှိ၊ မရှိ မသေချာတာကြောင့်လို့ဆိုပါတယ်။

နေမာအနေနဲ့ (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲကစားချိန်မှာ အသက် (၃၄) နှစ်သာရှိဦးမှာဖြစ်ပေမယ့် ကာတာကမ္ဘာ့ဖလားပြီးတာနဲ့ လက်ရွေးစင်အသင်းက အနားယူဖို့ကို ထုတ်ဖော်ပြောကြားလာခဲ့တာပါ။ ဒီလိုမျိုးပြောလာတဲ့ နေမာနဲ့ ပတ်သက်လို့ သီယာဂိုဆေးလ်ဗားက အခုလိုပဲ အားပေးစကားပြောကြားခဲ့ပါတယ်။

သီယာဂိုဆေးလ်ဗားက “ဘရာဇီးလက်ရွေးစင်မှာ ကျွန်တော်လည်း နေမာနည်းတူ ခက်ခဲတဲ့ အခိုက်အတန့်အချို့ကို ဖြတ်သန်းခဲ့ရဖူးပါတယ်။ အထူးသဖြင့် (၂၀၁၄) ကမ္ဘာ့ဖလားအပြီးမှာပေါ့။ ကျွန်တော်က အမြဲတမ်းငိုနေတဲ့ ကလေးလေး တစ်ယောက်လို့ အခေါ်ခံရပြီး စိတ်ပိုင်းဆိုင်ရာအရလည်း အရမ်းကိုအားနည်းခဲ့ရပါတယ်”

“အဲ့ဒီအရာတွေက ခင်ဗျားကိုသာဆိုရင်လည်း နာကျင်စေမှာပါ။ လက်ရွေးစင်မှာ ခင်ဗျားကို ပြန်မရွေးတော့ဘူးဆိုပြီးတော့ပေါ့။ နေမာအနေနဲ့ သူ့ရဲ့ပျော်ရွှင်မှုကို မဆုံးရှုံးရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူအမြဲတမ်း ပျော်ရွှင်နေရသလိုမျိုး ပျော်ရွှင်နိုင်ဖို့ပေါ့”


“သူက ပျော်ရွှင်နေတဲ့အချိန်ဆိုရင် အရမ်းကို ထူးခြားကောင်းမွန်တဲ့ ကလေးတစ်ယောက်ပါ။ မင်းအနေနဲ့ ဘေးနားမှာ သန်မာတဲ့ လူတစ်ယောက်ကို အလိုရှိတယ်ဆိုရင် ငါအမြဲတမ်းရှိနေမှာပါ။ ငါတို့မိသားစုက မင်းကိုချစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နေမာဟာ ဘရာဇီးနဲ့အတူ (၂၀၁၄)၊ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဆင်နွှဲခဲ့ဖူးပေမယ့် လက်ရှိအချိန်ထိ ဗိုလ်လုပွဲနဲ့ ဝေးကွာနေရဆဲဖြစ်ပြီး လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားမှာတော့ ဗိုလ်စွဲနိုင်ဖို့ နေမာက အထူးပစ်မှတ်ထားနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က