အယ်လ်ဘေးနီးယားကို ၅-၀ နဲ့ အင်္ဂလန်က အနိုင်ရရှိခဲ့ရာမှာ မက်ဂွိုင်းယားက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး နားနှစ်ဖက်ကို လက်နဲ့ကာကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အတွက် ဂိုးသွင်းယူပြီး အောင်ပွဲခံခဲ့တဲ့အပေါ်မှာ ရွိုင်ကိန်းရဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ နောက်ခံလူမက်ဂွိုင်းယားက နိုင်ငံအသင်းအတွက် ဂိုးသွင်းပေးနိုင်လို့ အောင်ပွဲခံတာ ဘာဖြစ်လို့လဲဆိုကာ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ အယ်လ်ဘေးနီးယားကို ၅-၀ နဲ့ အင်္ဂလန်က အနိုင်ရရှိခဲ့ရာမှာ မက်ဂွိုင်းယားက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး နားနှစ်ဖက်ကို လက်နဲ့ကာကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ကလပ်အတွက် ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။ ဒိအတွက် ဂိုးသွင်းအပြီး နားကို လက်နဲ့ကာတာဟာ ဝေဖန်သူတွေကို ပါးစပ်ပိတ်ထားဖို့ မက်ဂွိုင်းယားက ရည်ရွယ်ခဲ့တာဖြစ်ကြောင်းနဲ့ အင်္ဂလန်အတွက် ဂီုးသွင်းနိုင်တာနဲ့ ပါးစပ်တွေပိတ်ထားဖို့ရည်ရွယ်တာက ရှက်စရာကောင်းတယ်လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။
ရွိုင်ကိန်းရဲ့ ဝေဖန်မှုနဲ့ပတ်သက်ပြီး မက်ဂွိုင်းယားကို ITV က မေးမြန်းခဲ့ရာမှာ "ဘယ်သူ့ကိုမှ မရည်ရွယ်ခဲ့ပါဘူး၊ ဒူးထောက်အောင်ပွဲခံတာကလည်း အလိုအလျောက်ဖြစ်သွားခဲ့တာပါ၊ ကျွန်တော့်နားနှစ်ဖက်ကို လက်နဲ့ကာခဲ့တာမှန်ပါတယ်၊ ဒါက ဘာရည်ရွယ်ချက်မှမရှိပါဘူး၊ ကျွန်တော်က ယူနိုက်တက်အသင်းခေါင်းဆောင်ပါ၊ အသင်းအတွက် ကောင်းကောင်းမလုပ်ပေးနိုင်ချိန်မှာ ဝေဖန်ခံရမှာပါပဲ"
ရွိုင်ကိန်းကတော့ သူသာကွင်းထဲမှာရှိနေရင် မက်ဂွိုင်းယားကို ထိုးပစ်မယ်လို့တောင် ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်ကလည်း မက်ဂွိုင်းယားကို ချီးကျူးပြောဆိုခဲ့ပြီး ကစားသမားဘက်က ကာကွယ်ပြောဆိုပေးခဲ့ပါသေးတယ်။