စျေးကွက်ထဲမှာက ကြိုက်ရောင်း ကြိုက်ဝယ်ပဲ လုပ်နေကြပါတယ်။

နိုင်ငံခြားငွေ ရောင်းခြင်း ဝယ်ခြင်း၊လဲလှယ်ခြင်း ပြုလုပ်ပါက ဗဟိုဘဏ်ရဲ့ငွေလဲနှုန်း ထက် o.၅ % ဘောင်အတွင်း သတ်မှတ် ဆောင်ရွက်ဖို့ ဗဟိုဘဏ်က နိုဝင်ဘာလ ၉ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။



အဲဒီလို နိုင်ငံခြားငွေဈေးကွက်အပေါ် ထိန်းချုပ်လိုက်တဲ့စနစ်က လက်ရှိဖြစ်နေတဲ့ ပြင်ပဒေါ်လာဈေးကွက်အခြေအနေနဲ့ လိုက်နာဖို့ အခက်အခဲတွေရှိတယ်လို့ ဒေါ်လာဝယ်ရောင်းလုပ်နေသူတွေဆီကသိရပါတယ်။

"အဲ့ဒီစနစ်ကဖျက်ပြီးမှ အခုတစ်ခါပြန်လုပ်တာပေါ့။ အခုအခြေအနေနဲ့ တစ်ခါပြန်လုပ်တာပေါ့။ အခုအခြေအနေနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ ဝယ်တဲ့သူတွေက အဲဒီနှုှုးသတ်မှတ်မှုအတိုင်း ဝယ်မှာပေါ့။ပြီးရင် ပြန်ရောင်းတဲ့အခါ ဈေးတင်ရောင်းကြမှာပဲ။ဈေးကွက်ကမရှိတော့ဘူး ပျက်နေတာကြာပြီ။ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ မှောင်ခိုဈေးကွက် ပိုကြီးလာမယ် "လို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

o.၅ % ဘောင်အတွင်း သတ်မှတ် ဆောင်ရွက်ရမယ်ဆိုတဲ့စနစ်က ငွေလဲတာ၊ရောင်းတာ၊ဝယ်တာလုပ်တဲ့အခါ ဗဟိုဘဏ်ရဲ့ငွေလွှဲနှုန်းထက် ဝ.၅ အတိုးအလျှော့ ပြုလုပ်ပြီးသာ ဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။

အကယ်၍ အဲဒီသတ်မှတ်ချက်ကို လိုက်နာမှုမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

" အခုက လိုအပ်လာလို့ ပြန်ပြီး ကန့်သတ်လိုက်တာ။ အရင်က မလိုအပ်လို့ ပယ်ဖျက်တာပေါ့" လို့ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က ပြောပါတယ်။

ဗဟိုဘဏ်ထုတ်ပြန်ချက်မှာတော့ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်ဖြစ်စေ၊ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်ဖြစ်စေ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ ပါဝင်တယ်လို့ဖော်ပြထားပါတယ်။

ယခင်က စက်တင်ဘာလမှာ ပယ်ဖျက်ခဲ့တာက နိုင်ငံခြားငွေ ရောင်းခြင်း၊ဝယ်ခြင်း၊လဲလှယ်ခြင်းပြုတဲ့အခါ ဝ. ၈ ဘောင်သတ်မှတ်ဖြစ်ပါတယ်။ ယခုပြန်လည်စတင်ကျင့်သုံးမှု ဝ.၅ ဘောင်သတ်မှတ်ချက်ဖြစ်လို့ အရင်ထက်ဘောင်ပိုကျဉ်းသွားတယ်လို့သိရပါတယ်။

ဒီနေ့နိုဝင်ဘာလ ၁၀ ရက်နေ့ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းကတော့ ၁၇၇၅ ကျပ်ဖြစ်ပြီး၊ ပြင်ပဒေါ်လာပေါက်ဈေးကတော့ အမြင့်ဆုံး ၁၉၅၀ ထိအရောင်းအဝယ်ရှိပေမယ့်၊ ရောင်းသူနည်းပြီး ဝယ်လိုအားကများနေတယ်လို့သိရပါတယ်။

Photo - bangladeshpost


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က