ရော်နယ်ဒိုနဲ့ နိုင်ငံတကာသွင်းဂိုးမှာ ၂၁ ဂိုးသာ ကွာဟနေတာပါ။

အာဂျင်တီးနားက ကူရာကာအိုအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ မက်ဆီက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ပွဲကစားချိန် ၃၆ မိနစ်အတွင်းမှာပဲ မက်ဆီက ဟက်ထရစ်သွင်းယူခဲ့ပြီး ပထမပိုင်းမှာ အာဂျင်တီးနားက ၅-၀ နဲ့ ဦးဆာင်နေခဲ့ကာ ဒုတိယပိုင်းမှာ နောက်ထပ် ၂ဂိုးထပ်မံသွင်းယူပြီး ဂိုးပြတ်အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အာဂျင်တီးနားက အနိုင်ရမယ်ဆိုတာ သေချာပေါက်သိထားကြပေမယ့် အခုလိုဂိုးအများကြီးသွင်းယူမယ်လို့တော့ မထင်ထားခဲ့သူတွေ များခဲ့ပါတယ်။ မက်ဆီက ဒီပွဲမှာ ဟက်ထရစ်ရယူပြီးနောက် အာဂျင်တီးနားအတွက် ဂိုးပေါင်း ၁၀၀ ပြည့်အောင် သွင်းယူနိုင်ခဲ့ပြီဖြစ်ကာ စုစုပေါင်း ၁၀၁ ဂိုးအထိ ရှိလာခဲ့ပြီး နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ တတိယနေရာ ရောက်လာပါတယ်။ 

ရော်နယ်ဒိုက ၁၂၂ ဂိုးနဲ့ အဆင့် ၁နေရာမှာရှိနေပြီး သူ့နောက်မှာ အီရန်တိုက်စစ်မှူးဟောင်းအလီဒါယေးက ၁၀၈ ဂိုးနဲ့ရပ်တည်နေကာ မက်ဆီက ၁၀၁ ဂိုးနဲ့ ရှိနေခဲ့တာပါ။ ရော်နယ်ဒိုနဲ့ ၂၁ ဂိုးအကွာကို မက်ဆီက ရောက်လာခဲ့တာဖြစ်ပြီး နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်အတွက်ကတော့ နည်းနည်းစိတ်လှုပ်ရှားစရာကောင်းလာခဲ့ပြီဖြစ်ပါတယ်။ 

မက်ဆီအနေနဲ့ ၃၅ နှစ်ဆိုတဲ့ သူ့အသက်အရွယ်အရ အာဂျင်တီးနားအတွက် နောက်ထပ်အများဆုံးကစားနိုင်ိဖု့က ၂ နှစ်လောက်သာ ဖြစ်နိုင်ပါတယ်။ ရော်နယ်ဒိုလိုမျိုး အသက် ၃၈ နှစ်အရွယ်အထိ သူ ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ၃ နှစ်အထိ ဆက်ကစားမှာဖြစ်ပြီး အဆိုပါကာလအတွင်းမှာ ရော်နယ်ဒိုကို လိုက်မီနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

တဖက်မှာ ရော်နယ်ဒိုကလည်း ယူရိုခြေစစ်ပွဲတွေအတွင်း ၄ ဂိုးအထိ ရရှိခဲ့ပြီး သူ့ရဲ့ သွင်းဂိုးအရေအတွက်ကို မ​ြှင့်တင်နိုင်ခဲ့တာပါ။ မက်ဆီကလည်း ခြေစမ်းပွဲ ၂ပွဲမှာ ၄ဂိုး သွင်းယူပြပြီး သူလည်း လုပ်ပြနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြား ပြိုင်ဆိုင်မှုကတော့ ပြင်းထန်နေဆဲပါပဲ။ 

Share

Loading Next Article...
က္က