လကမ္ဘာတဝိုက် ခရီးသွားရန် စီစဥ်ထားတဲ့ ဘီလျံနာက ယခု အာကာသခရီးစဥ်ကို လေ့ကျင့်မှုအဖြစ် မှတ်ယူထားပါတယ်

ဂျပန်ဘီလျံနာ ယူဆာကူမီဇာဝါဟာ ၎င်းရဲ့ ပထမဆုံး အာကာသခရီးစဥ်အဖြစ် နိုင်ငံတကာအာကာသစခန်းသို့ ယနေ့ (ဒီဇင်ဘာ ၈ ရက်) ထွက်ခွာသွားခဲ့ပါတယ်။

(ဘီလျံနာ ယာကာဆူ၊ Alexander နဲ့ ယိုဇိုဟီရာနို) (Photo: Getty Images)

၂၀၂၃ ခုနှစ်အတွင်း အီလွန်မတ်စ်ရဲ့ SpaceX အာကာသခရီးသွားကုမ္ပဏီနဲ့ လကမ္ဘာတဝိုက် ခရီးသွားရန် စီစဥ်ထားတဲ့ ယူဆာကူက ယခု အာကာသခရီးစဥ်ကို လေ့ကျင့်မှုတစ်ခုအဖြစ် မှတ်ယူထားတယ်လို့ ဆိုပါတယ်။ အသက် ၄၆ နှစ်အရွယ် ဖက်ရှင်အဝတ်အထည်လုပ်ငန်းရှင်နဲ့ အနုပညာလက်ရာများ စုဆောင်းသူ ယူဆာကူ (Yusaku Maezawa) က ရုရှားရဲ့ Soyuz အာကာသယာဥ်ဖြင့် နိုင်ငံတကာအာကာစခန်းသို့ (International Space Station - ISS) သို့ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။



(Photo: Reuters)

ယူဆာကူ လိုက်ပါတဲ့ Soyuz အာကာသယာဥ်ကို ကာဇက်စတန်နိုင်ငံရှိ Baikonur အာကာသခရီးစဥ် လွှတ်တင်ရေးစခန်းကနေ ယနေ့ အောင်မြင်စွာလွှတ်တင်လိုက်ပြီး နောက် ၆ နာရီအကြာမှာ ISS သို့ ရောက်ရှိမယ်လို့ ဆိုပါတယ်။ ယခု အာကာသခရီးစဥ်မှာ ဂျပန်ဘီလျံနာ ယာဆာကူနဲ့အတူ ဗီဒီယိုထုတ်လုပ်သူ ယိုဇိုဟီရာနို (Yozo Hirano) လည်း လိုက်ပါသွားခဲ့ပြီး ရုရှားအာကာသယာဥ်မှူး Alexander Misurkin က အာကာယာဥ်ကို ထိန်းချုပ်မောင်းနှင်တာ ဖြစ်ပါတယ်။

(Photo: @roscosmos / Twitter)

ယာဆာကူရဲ့ ၁၂ ရက်ကြာ အာကာသခရီးစဥ်ကို ယိုဇိုက မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဘီလျံနာယူဆာကူဟာ ISS ကို သွားရောက်လည်ပတ်တဲ့ ပထမဆုံး ဂျပန်ခရီးသွားဖြစ်လာခဲ့ပြီး ၎င်းဟာ SpaceX ရဲ့ လကမ္ဘာခရီးစဥ်မှာ လိုက်ပါမယ့် ပထမဆုံး ကိုယ်ပိုင်ငွေသုံး ခရီးသွားလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

အီလွန်မတ်စ်ရဲ့ SpaceX အပြင် ဂျက်ဘီဇော့စ်ရဲ့ Blue Origin ကလည်း ခေတ်သစ်တစ်ခုမှာ ချမ်းသာကြွယ်ဝသူတွေကို အာကာသခရီးစဥ် စီစဥ်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဂျပန်ဘီလျံနာ ယာဆာကူဟာ ၂၀၁၃ ခုနှစ် လကမ္ဘာခရီးစဥ်မှာ ၎င်းနဲ့အတူလိုက်ပါရန် လူ ၈ ဦးကို ရှာဖွေနေပြီး ဆေးစစ်ဆေးမှုဆောင်မြင်ရန်နဲ့ အင်တာဗျူးဖြေကြားမှု အောင်မြင်ရန်လိုအပ်တယ်လို့ ဆိုပါတယ်။

Source: Reuters

Share

က္က