လီယွန်နယ် မက်ဆီနဲ့ အလက်ဟန်းဒရိုး ဂါနာချိုတို့ဟာာ လာမယ့် နိုင်ငံတကာ ခြေစမ်းပွဲအတွက် အာဂျင်တီးနားရဲ့ ၃၅ ဦးလူစာရင်းထဲမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ မတ်လ ၂၃ ရက်နေ့မှာ ပနားမား၊ မတ်လ ၂၈ ရက်နေ့မှာ ကူရာကာအိုတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲအပြီးမှာ စကာလိုနီရဲ့ လူစာရင်းထဲမှာ ဘယ်ကစားသမားတွေ ပြန်အရွေးခံရမလဲဆိုတာကို စိတ်ဝင်စားမှုတွေ များစွာ ရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ၎င်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်ဟာ နေက်ဆုံးမှာတော့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းအတွက် ဆက်လက်ကစားပေးချင်တဲ့ဆန္ဒရှိလာပုံပေါ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆု ရရှိခဲ့သူဖြစ်ပြီး ပနားမားနဲ့ ကူရာကာအိုအသင်းတို့နဲ့ ရင်ဆိုင်မယ့်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်သွားဦးမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်နဲ့အတူ အထင်ကြီးဖွယ် ခြေစွမ်းပြသနေတဲ့ ဂါနာချိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက စကာလိုနီရဲ့လူစာရင်းမှာ ကော်ရီရာရဲ့နေရာအတွက် နောက်ဆုံးမိနစ် အစားထိုးခေါ်ယူမှုအဖြစ် ရွေးချယ်ခြင်းမခံခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားကနေ စပိန်အတွက် ပြောင်းလဲကိုယ်စားပြုကစားပေးဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဂါနာချိုရဲ့ ဖခင်ဟာ စပိန်လူမျိုးစစ်စစ် ဖြစ်တာကြောင့် စပိန်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားပေးလို့ ရနိုင်တာဖြစ်ပေမယ့်လည်း မန်ယူနိုက်တက်ကြယ်ပွင့်ဟာ လာမယ့် ခြေစမ်းပွဲစဉ်တွေအတွက် အာဂျင်တီးနားလူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပြီဖြစ်တယ်လို့ သိရပါတယ်။ ဂါနာချိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။
အာဂျင်တီးနားရဲ့ ၃၅ ဦးလူစာရင်း
ဂိုး- ဖရန်ကို အာမနီ(ရေးဗားပလိတ်)၊ ဂျီရိုနီမို ရူလီ(အိုင်းယက်စ်)၊ မာတီနက်ဇ်(အက်စတန် ဗီလာ)
နောက်တန်း- ဂျူအန် ဖွိုက်သ်(ဗီလာရီးရဲလ်)၊ ဂွန်ဇာလို မွန်တီရယ်(ဆီဗီလာ)၊ နာဟူးလ် မိုလီနာ(အေတီကို)၊ နီဟူယန် ပီးရက်ဇ်(အူဒီးနီးစ်)၊ ဂျာမန် ပက်ဇယ်လာ(ရီးရဲလ်ဘက်တစ်)၊ ခရစ်ရှန် ရိုမဲရိုး(စပါးစ်)၊ အိုတာမန်ဒီ(ဘင်ဖီကာ)၊ လီဆန်ဒရို မာတီနက်ဇ်(မန်ယူနိုက်တက်) တက်ဂလီယာဖီကို(လိုင်ယွန်)၊ အကူနာ(ဆီဗီလာ)၊ လော်တာရို ဘလန်ကို(အယ်လ်ချီ)
အလယ်တန်း- ပါရီဒက်စ်(ဂျူဗင်တပ်)၊ ဂူအီဒို ဖာနန်ဒက်ဇ်(ရီးရဲလ်ဘက်တစ်)၊ အန်ဇို ဖာနန်ဒက်ဇ်(ချဲလ်ဆီး)၊ မက်စီမို ပါရိုနီ(မန်စီးတီး)၊ အက်ဇ်ကီး ပါလာစီယို့စ်(လေဗာကူဆင်)၊ ရိုဒရီဂို ဒီပေါလ်(အေတီကို)၊ ဖာကွန်ဒို ဘူနာနော့(ဘရိုက်တန်)၊ အယ်လ်မာဒါ(အတ္တလန္တာ)၊ မက်ကယ်လစ္စတာ(ဘရိုက်တန်)၊ ဒီမာရီယာ(ဂျူဗင်တပ်)၊ ကော်ရီရာ(အေတီကို)၊ အူအန်ဒီယာ(အက်စတန် ဗီလာ)၊ ဗလန်တင် ကာဘိုနီ(အင်တာမီလန်)
ရှေ့တန်း- မက်ဆီ(ပီအက်စ်ဂျီ)၊ ဒီဘားလား(ရိုးမား)၊ လော်တာရို မာတီးနက်ဇ်(အင်တာ)၊ ယူလီယန် အယ်လ်ဗာရက်ဇ်(မန်စီးတီး)၊ ဂါနာချို(မန်ယူနိုက်တက်)၊ နီကိုးလတ်စ် ဂွန်ဇာလက်ဇ်(ဖီအိုရင်တီးနား)၊ အလက်ဟန်းဒရိုး ဂိုးမက်ဇ်(ဆီဗီလာ)