၁၀ ကြိမ်မြောက်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၈ မိနစ် နဲ့ ၁၃ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီတွေကို အဆုံးသတ်ခဲ့ပြီး ၈၇ မိနစ်မှာ ပွဲသိမ်းဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ 


ပေါ်တူဂီအသင်းခေါင်းဆောင်တိုက်စစ်မှူးရော်နယ်ဒိုဟာ လူဇင်ဘတ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ထားတဲ့ရော်နယ်ဒိုဟာ ပွဲချိန် ၈ မိနစ် နဲ့ ၁၃ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီတွေကို အဆုံးသတ်ခဲ့ပြီး ၈၇ မိနစ်မှာ ပွဲသိမ်းဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ 



ဒီပွဲမှာရရှိခဲ့တဲ့ ဟက်ထရစ်ကြောင့် ရော်နယ်ဒိုဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဟက်ထရစ် ၁၀ ကြိမ်ရရှိခဲ့ပြီး ဘယ်ကစားသမားထက်မဆို ပိုမိုများပြားတဲ့ အရေအတွက်ကို ပိုင်ဆိုင်ကာ စံချိန်သစ်ထပ်မံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဘဝမှာ ရော်နယ်ဒိုက လူဇင်ဘတ်၊ လစ်သူယေးနီးယား (၂)ကြိမ်၊ ဆွစ်ဇာလန်၊ စပိန်၊ ဖာရိုးကျွန်းစု၊ အန်ဒိုရာ၊ အာမေးနီးယား၊ ဆွီဒင်၊ မြောက်အိုင်ယာလန်တို့ကို သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးစုစုပေါင်းကလည်း ၁၁၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ အလီဒါယေးကို ကျော်ဖြတ်ပြီးနောက် ၆ ဂိုးအထိ အသာစီးရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းပြဆိုးလ်ရှားက အနားပေးမှုတွေရှိနေခဲ့ပေမယ့် ပေါ်တူဂီမှာတော့ ကာတာနဲ့ လူဇင်ဘတ်တို့ပွဲတွေကို ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ 


အဆိုပါနှစ်ပွဲမှာ ၄ ဂိုးအထိ ရော်နယ်ဒိုက သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့ပါတယ်။ သူ့ကို အနားပေးဖို့ထက် ဝင်ရောက်ကစားစေဖို့သာရှိတယ်လို့ ဆိုးလ်ရှားကို သတိပေးလိုက်တာလည်းဖြစ်ပြီး ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ကတော့ သူ့ကစားသမားကို ပွဲစဉ်တိုင်းအသုံးပြုနေတာလည်းဖြစ်ပါတယ်။

Share

က္က