အာဂျင်တီးနားတိုက်စစ်မှူးကို ပြန်ရောင်းချခိုင်းနေတာပါ။

လတ်တလေမှာတော့ အီကာဒီက ဇနီးသည်ဝမ်ဒါနာရာနဲ့ အိမ်ထောင်ရေးပြသနာတွေဖြစ်ပွားနေပြီး လိုက်ဇစ်နဲ့ပွဲမတိုင်ခင်မှာ အသင်းနဲ့လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့ကာ အသင်းအတွက်လညး် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့လို့ နည်းပြပိုချက်တီနိုရဲ့ ဒေါသနဲ့လည်း ရင်ဆိုင်နေရပါတယ်။


မက်ဆီဟာ ပီအက်စ်ဂျီအသင်းဖော်ဖြစ်သူ တိုက်စစ်မှူးအီကာဒီကို အသင်းကနေ ရောင်းချစေချင်တဲ့ ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အီကာဒီကလည်း မက်ဆီနဲ့နိုင်ငံတူ အာဂျင်တီးနားကစားသမားဖြစ်ပေမယ့် လက်ရွေးစင်အသင်းမှာ နေရာမရရှိခဲ့သူဖြစ်ကာ မက်ဆီထက်အရင် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့သူလည်းဖြစ်ပါတယ်။ 



လတ်တလေမှာတော့ အီကာဒီက ဇနီးသည်ဝမ်ဒါနာရာနဲ့ အိမ်ထောင်ရေးပြသနာတွေဖြစ်ပွားနေပြီး လိုက်ဇစ်နဲ့ပွဲမတိုင်ခင်မှာ အသင်းနဲ့လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့ကာ အသင်းအတွက်လညး် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့လို့ နည်းပြပိုချက်တီနိုရဲ့ ဒေါသနဲ့လည်း ရင်ဆိုင်နေရပါတယ်။ သူ့ရဲ့ ဒီအပြုအမူတွေအတွက် အသင်းကနေ ရောင်းချခံရဖွယ်ရှိနေချိန်မှာ မက်ဆီကပါ တွန်းအားပေးတာမျိုးရှိနေတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ 

ကစားသမားနှစ်ဦးကြားမှာလည်း တင်းမာမှုတွေရှိနေကာ ပိုချက်တီနိုက ဒီကိစ္စကို ပြတ်ပြတ်သားသားဖြစ်အောင် လုပ်ဆောင်ပေးရမယ့် အချိန်ဖြစ်နေတယ်လို့ စပိန်သတင်းစာတစ်စောင်က ရေးသားခဲ့ပါတယ်။ လက်ရွေးစင်အသင်းမှာ သူ ရွေးချယ်မခံရတာဟာ မက်ဆီရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကြောင့်လို့ အီကာဒီက ယုံကြည်နေပြီး သူတို့နှစ်ဦးဟာ အရင်ကတည်းက ဆက်ဆံရေးတွေ အေးစက်နေခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အာဂျင်တီးနားအတွက် ခြေစမ်းပွဲမှာ ပါဝင်ကစားပေးခဲ့ပြီးနောက်ပိုင်း အီကာဒီဟာ လုံးဝရွေးချယ်ခြင်းမခံခဲ့ရတော့ဘဲ ဒါဟာ နည်းပြဖြစ်သူရဲ့ လူရွေးချယ်မှုအပေါ် မက်ဆီက လွှမ်းမိုးထားတာကြောင့်လို့ သူက ထင်နေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကို မက်ဆီရောက်ရှိလာမှုကလည်း အီကာဒီကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပြီး အသင်းမှာပျော်ရွှင်မှုမရှိတော့ဘူးလို့လည်း သတင်းတွေထွက်နေခဲ့ပါတယ်။ 


အင်တာမီလန်မှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခြေစွမ်းကို ပြသခဲ့တဲ့ အီကာဒီဟာ သူ့ရဲ့အေးဂျင့်အဖြစ်တာဝန်ယူနေတဲ့ ဇနီးသည်ရဲ့ ခြယ်လှယ်မှုတွေကြောင့် ကစားသမားဘဝမှာ အဆင်မပြေမှုတွေဖြစ်နေခဲ့ရသူဖြစ်ပါတယ်။ အခုတခါမှာ ဇနီးသည်နဲ့ ပြသနာတွေဖြစ်ပွားနေပြီး သူ့ရဲဲ့အနာဂတ်က ဘယလိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က