၂၀၂၂ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာပါ။

ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ အရူးအမူးအားပေးမှုကိုရရှိထားတဲ့ ပက်ကွီအိုဟာ လွှတ်တော်အမတ်တစ်ဦးအဖြစ်နဲ့ ကျင်လည်နေရာကနေ သမ္မတနေရာကိုပါ ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ 


နာမည်ကျော်ဖိလစ်ပိုင်လက်ဝှေ့သမားမန်နီပက်ကွီအိုဟာ လာမယ့် ၂၀၂၂ ဖိလစ်ပို်င်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ဘောက်ဆင်လောကမှာ ဂန္ထဝင်တစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ အရူးအမူးအားပေးမှုကိုရရှိထားတဲ့ ပက်ကွီအိုဟာ လွှတ်တော်အမတ်တစ်ဦးအဖြစ်နဲ့ ကျင်လည်နေရာကနေ သမ္မတနေရာကိုပါ ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ 

အသက် ၄၂ နှစ်အရွယ် ဖိုက်တာကြီးဟာ PDP-Laban Party ကို ကိုယ်စားပြုပြိး ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဘောက်ဆင်လောကမှာ ချန်ပီယံ ၈ ကြိမ်အထိဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လက ထိုးသတ်ခဲ့တဲ့ WBA စူပါဝယ်လ်တာဝိတ်ချန်ပီယံပွဲမှာတော့ သူက အူဂတ်စ်ကို အရေးနိမ့်ခဲ့ပါတယ်။ အဲဒီနောက်မှာ သမ္မတအဖြစ် ဝင်ရောက်ရွေးကောက်ခံမယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး သူ့ရဲ့နှစ်ရှည်လများစီမံကိန်းကို အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ 

"ကျွန်တော့်ရဲ့ ဘောက်ဆင်သမားဘဝလား၊ ကျွန်တော့်ဘောက်ဆင်သမားဘဝက ပြီးဆုံးသွားပါပြီ၊ ဘာလို့လဲဆိုတော့ နှစ်ရှည်လများ ကျွန်တော်ကြိုးဝိုင်းထဲမှာ ကျင်လည်ခဲ့ပြီး မိသားစုကလည်း ဒီလောက်ဆို လုံလောက်ပြီလို့ ပြောခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် လက်ဝှေ့ကိုတော့ ဆက်လုပ်ဖြစ်နေမှာပါ၊ ဒီအပေါ်မှာ ကျွန်တော်ဝါသနာပါလို့ပါပဲ" လို့ ဖိလစ်ပိုင်သရုပ်ဆောင် Toni Gonzago ရဲ့ YouTube အစီအစဉ်တစ်ခုမှာ ပက်ကွီအိုက ပြောဆိုသွားခဲ့ပါတယ်။ 

ပက်ကွီအိုဟာ ဘောက်ဆင်လောကမှာ ၂၆ နှစ်ကြာ ကျင်လည်ခဲ့ပြီး ၇၂ ပွဲ ထိုးသတ်ခဲ့ကာ ၆၂ ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ဖလွိုက်မေဝယ်လ်သာနဲ့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်အပါအဝင် နာမည်ကျော်ပွဲအများအပြားကို ပက်ကွီအိုရင်ဆိုင်ခဲ့ရပြီး ငွေကြေးအားဖြင့်၊ အောင်မြင်မှုအားဖြင့်၊ ဂုဏ်သိက္ခာအားဖြင့် ကျော်ကြားခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတဒူတာတေးနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ်ရှိခဲ့ပေမယ့် အခုအခါမှာတော့ သူတို့ကြား ခွာပြဲခဲ့ပြီဖြစ်ကာ ပက်ကွီအိုက နိုင်ငံရေးလောကထဲ နောက်ထပ်ခြေတလှမ်းထပ်မံလှမ်းခဲ့တာဖြစ်ပါတယ်။

၂၀၁၉ မှာ အသက်အကြီးဆုံး ဝယ်လ်တာဝိတ်တန်းချန်ပီယံအဖြစ် ကိတ်ကူရမ်ကို အနိုင်ယူပြီး မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီပွဲပြီးတဲ့နောက် သူဟာ WBA စူပါဝယ်လ်တာဝိတ်တန်းပွဲအဖြစ် အူဂတ်စ်ကို စိန်ခေါ်ခဲ့တာဖြစ်ပြီး အရေးနိမ့်ခဲ့တာပါ။ အဲဒီပွဲမှာတော့ သူ့ရဲ့နာမည်ကျော်လျင်မြန်မှု၊ ပါ၀ါပါတဲ့လက်သီးတွေကို ထိုးနိုင်ခဲ့ခြင်းမရှိဘဲ အူဂတ်စ်က ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။.

Share

က္က