နောက်ကျဂိုးတွေနဲ့ ရှက်ဖီးကို နိုင်ခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ နိုင်ပွဲရရှိဖို့ ခက်ခဲတဲ့ အနေအထားမျိုးရောက်အောင် ကိုယ်တိုင်လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ၄-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။



ဒါဟာ ယူနိုက်တက်အတွက် နောက်ဆုံး (၅) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးမှ အနိုင်ရရှိခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။ အမှတ်ပေးဇယား အောက်ဆုံးက အသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် ယူနိုက်တက်တို့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့တာမျိုးတော့ မဟုတ်ပါဘူး။

ပထမပိုင်းမှာ အိုနာနာရဲ့ အမှားကတစ်ဆင့် ဦးဆောင်ဂိုးပေးခဲ့ရသလို ဒုတိယပိုင်း မိနစ် (၅၀) မှာလည်း နောက်ထပ် ဦးဆောင်ဂိုးပေးခဲ့ရပါသေးတယ်။ ဒီဦးဆောင်ဂိုးနှစ်ဂိုးစလုံးကို မက်ဂွိုင်းရားနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က နှစ်ကြိမ်တိုင်တိုင် လိုက်လံချေပခဲ့ရပါတယ်။

အဲ့ဒီနောက် အနိုင်ဂိုးတွေကို ပွဲကစားချိန် (၈၁) မိနစ်နဲ့ (၈၅) မိနစ်တို့မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ဟွိုက်လန်းတို့က သွင်းယူပေးခဲ့တာပါ။ ပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့က တစ်ချိန်လုံး ဂိုးမပေးရတဲ့ပွဲအကြောင်း ပြောနေပြီး Clean Sheet ကိုလည်း ယူချင်ခဲ့တာပါ။ ရှက်ဖီးယူနိုက်တက်ကို ချီးကျူးပါတယ်”

“နောက်ဆုံးမှာတော့ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲကို အနိုင်ရဖို့ ခက်ခဲတဲ့ အနေအထားမျိုးကို ကိုယ့်ကိုယ်ကိုယ် တွန်းပို့ခဲ့တာပါ။ ဒါပေမယ့်လည်း အသင်းရဲ့ ကာရိုက်တာကို ပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်းကလိုမျိုး ပွဲကိုထိန်းချုပ်နိုင်ခဲ့ရင် ဂိုးတွေရအောင် သွင်းနိုင်ရပါမယ်။ ကျွန်တော်တို့ ဂိုးတွေ အများကြီးသွင်းနေပါတယ်။ ဒါက အသင်းအတွက် လိုအပ်တဲ့ ကျစ်လျစ်မှုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က