ဘရူနိုရဲ့ အမှားကို သွားပြောပြခဲ့ပြီး ဆွေးနွေးခဲ့တာပါ။

ဗီလာကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ကက်စ်မဲရိုးနဲ့ ဖာနန်ဒက်စ်တို့ကြားမှာ အပြန်အလှန်စကားပြောဆိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဦးစလုံးက အပြင်းအထန်ကို ပြောဆိုခဲ့ကြတာဖြစ်ပြီး ပွဲပြီးခါနီးမှာ ဖာနန်ဒက်စ်ရဲ့ ဘောလုံးဆုံးရှုံးမှုကနေ ဂိုးပြန်ပေးရပြီး အမှတ်လျော့သွားနိုင်ခဲ့တာကို ကက်စ်မဲရိုးက ပြောဆိုခဲ့တာလို့ ပရိသတ်တွေက ယူဆနေပါတယ်။ 



ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဖာနန်ဒက်စ်က ပွဲချိန် ၃၉ မိနစ်မှာ တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ပွဲချိန်အတွင်း ဆန်ချိုနဲ့လည်း အနည်းငယ်ကတောက်ကဆဖဖြစ်ပြီး ညည်းတွားပြောဆိုမှုတွေလုပ်ခဲ့လို့ ဆန်ချိုက ညည်းတွားမနေစမ်းပါနဲ့လို့ ပြန်ပြောခဲ့တာကို ရုပ်သံကင်မရာတွေက အမိအရ ရိုက်ကူးပြခဲ့ပါသေးတယ်။ 

ဒါပေမယ့် ဆန်ချိုက ဖာနန်ဒက်စ်ဂိုးသွင်းချိန်မှာ အရင်ဆုံးပွေ့ဖက်ကာ ဂုဏ်ပြုအောင်ပွဲခံခဲ့သလို ကက်စ်မဲရိုးနဲ့ ဖာနန်ဒက်စ်တို့ကလည်း စကားပြောဆိုအပြီးမှာ ပွေ့ဖက်ကာ နှုတ်ဆက်ခဲ့ပြီး သူတို့ကြားမှာ ဘာပြသနာမှမရှိဘူးဆိုတာကို အရှင်းသားဖြစ်စေခဲ့ပါတယ်။ ပရိသတ်တွေကတော့ နှစ်ဦးစလုံးက ရလဒ်အပေါ် ကျေနပ်မနေဘဲ ပွဲချိန်တွင်းဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်ပြောဆိုခဲ့တာဖြစ်လို့ ကျေနပ်မိကြောင်း ဆိုခဲ့ကြပါတယ်။ 

သူတို့နှစ်ဦးဟာ နယူးကာဆယ်နဲ့ကစားခဲ့တ​ဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲအပြီးတုန်းကလည်း အခုလိုပဲ ဘောလုံးကစားပုံနဲ့ပတ်သက်ပြီး စကားအပြန်အလှန်ပြောဆိုမှုတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် နှစ်ဦးသားကတော့ တဦးနဲ့တဦး မကျေမနပ်ဖြစ်ခဲ့တာမျိုးမရှိခဲ့ဘဲ ပြေလည်မှုရှိခဲ့ကာ အတူတကွအောင်ပွဲခံခဲ့ကြသလို ညကလည်း ပွေ့ဖက်နှုတ်ဆက်ကာ သူတို့ကြားက ပြသနာက အေးဆေးပဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ 


Share

Loading Next Article...
က္က