အီတူးတယောက် အဝတ်လဲခန်းထဲအထိ ရောက်လာခဲ့တာပါ။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အီတူးက ဘူရန်ဒီနဲ့ကစားခဲ့တဲ့ အာဖရိကဖလားခြေစစ်ပွဲအပြီးမှာ အသင်းရဲ့ ကစားပုံကို မကျေနပ်တာကြောင့် ကစားသမားတွေရှိရာ အဝတ်လဲခန်းထဲကို ကိုယ်တိုင်ရောက်ရှိလာပြီး ဆူပူကြိမ်းမောင်းသွားခဲ့ပါတယ်။ ဒီပွဲမှာ ကင်မရွန်းက ဘူရန်ဒီကို တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။



ကင်မရွန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အခု ဘူရန်ဒီနဲ့ပွဲအပြီးမှာတော့ အီတူးက “ငါမပျော်ဘူး ကိုယ့်လူတို့။ ပြိုင်ဘက် ဘယ်သူလဲ ငါစိတ်မဝင်စားဘူး။ ငါ့ရဲ့ဘဝမှာ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတယ်။ ဘာလို့လဲဆိုတဲ့ ပြဿနာကိုလည်း ငါသိထားတယ်”

“ငါ အခု ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့အချိန်မှာ ဒီပြဿနာတွေကို တကျော့ပြန်မဖြစ်စေရဘူး။ ဒီအသင်းမှာ နေရာရဖို့ ပိုက်ဆံပေးဝယ်လို့မရဘူး။ ဘယ်သူကမှ ဒီအသင်းမှာ ပုံမှန်တနေရာအတွက် အာမခံချက်မရှိဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရမယ်၊ ကင်မရွန်းဂျာစီဝတ်ပြီဆိုရင် ကိုယ်လုပ်စရာရှိတာကို လုပ်ရလိမ့်မယ်။ ကင်မရွန်းအောင်မြင်ဖို့ ငါ့ဘဝတခုလုံးပေးဆပ်မှာ၊ ဒီတော့ မင်းတို့လည်း အကောင်းဆုံးပုံစံမှာရှိနေဖို့ လိုအပ်တယ်”

“မင်းတို့က ဒီမှာလာထိုင်နေပြီး ဘယ်သူ့အတွက် တိုက်ပွဲဝင်နေရမှန်း မသိဘူးဖြစ်နေကြတယ်။  မင်းတို့ လက်ရွေးစင်အသင်းကိုရောက်လာပြီဆိုတာနဲ့ ကင်မရွန်းအကြောင်းပဲ စဥ်းစားကြ။ ငါတို့ သွားမယ့်ခရီးရဲ့ တစိတ်တပိုင်းဖြစ်ချင်ရင် မင်းတို့ သေချာပေါက် လုပ်စရာရှိတာလုပ်ကြ။ မင်းတို့ဆီကနေ ငါ အခုထက် ပိုလိုချင်တယ်၊ ဒါပေမယ့် မင်းတို့ကိုကြည့်ရတာ ဘာအာမခံချက်မှမရှိဘူး”

“ငါ့ဆီမှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့ အိပ်မက်ရှိတယ်။ ငါ့ရဲ့ကစားသမားဘဝမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ထပ်အဖြစ်မခံနိုင်ဘူး။ အရင်ဆုံး စိတ်နှလုံးကောင်းတဲ့ အုပ်စုတခု ငါလိုချင်တယ်။ ငါတို့တုန်းက ထိပ်တန်းကစားသမားတွေရှိနေလျက်နဲ့ ကျရှုံးခဲ့တာ အဲ့ဒီအချက်ကြောင့်ပဲ။ အခု ဒီကစားသမားတွေ အတူတူရှိနေရင်း ပျော်ရွှင်နေတဲ့အခါ ငါတို့နိုင်ပွဲတွေရလာမှာပဲ” လို့ ဆူပူကြိမ်းမောင်းသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က