ပဲလေ့စ်ကို ရှုံးနိမ့်အပြီးမှာ ဝေဖန်ခံနေရတာပါ။

ခရစ္စတယ်ပဲလေ့စ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အာဆင်နယ်ကွင်းလယ်လူမာတင်အိုဒီဂတ်ဟာ အသင်းပရိသတ်တွေရဲ့ ပြန်လည်လှောင်ပြောင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဗီယာရာရဲ့ အသင်းကို အဝေးကွင်းမှာ ၃-၀ နဲ့ အာဆင်နယ်တို့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အလေးသာနေရာကနေ ရုန်းကန်ရတော့မယ့် အခြေအနေကိုလည်း ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

အဆိုပါပွဲမှာ အသင်းအတွက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကွင်းလယ်လူအိုဒီဂတ်ဟာ မကြာခဏဆိုသလို ဘောလုံးပေးမှားယွင်းနေခဲ့ပြီး ထိန်းသိမ်းပုံတွေကလည်း ညံ့ဖျင်းနေခဲ့ပါတယ်။ သူ့ရဲ့ ကစားခဲ့ပုံနဲ့ပတ်သက်ပြီး တွစ်တာမှာ အာဆင်နယ်ပရိသတ်တွေက ဝေဖန်ရေးသားခဲ့ရာမှာ "ဘောလုံးတောင်မှ မထိန်းနိုင်တဲ့ ကောင်ပဲ" ဆိုတဲ့အထိ အပြောခံခဲ့ရတာဖြစ်ပါတယ်။ 

"အိုဒီဂတ်ကိုကြည့်ရတာ တုန်လှုပ်စရာပဲ၊ သူ ဘောလုံးကိုတောင်မှ မထိန်းနိုင်ခဲ့ဘူး" ၊ "တခြားကစားသမားတယောက်ကို မြင်တွေ့နေရသလိုပဲ၊ ပွဲသာပြီးသွားတယ်၊ သူ ဘာတွေလုပ်ခဲ့မှန်းမသိဘူး၊ normal pass လေးတောင်မှ သူ မပေးနိုင်ခဲ့ဘူး" ၊ "တော်တော်လေးထူးဆန်းတဲ့ ကစားသမားပဲ၊ Dribble လည်း မလုပ်နိုင်ခဲ့ဘူး၊ ပြီးတော့ ကွင်းလယ်တိုက်စစ်လည်း သူ မဆော့တတ်ဘူးပဲ" စသဖြင့် ရေးသားခဲ့ကြပါတယ်။ 

အိုဒီဂတ်ဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ၅ ဂိုးသွင်းယူပေးထားပြိး ၃ ကြိမ်ဖန်တီးပေးထားကာ ပရိသတ်အကြိုက်ကစားသမားတဦးအဖြစ် ရှိနေသူဖြစ်ပါတယ်။ နော်ဝေကြယ်ပွင့်ကို အဓိကကစားသမားအဖြစ် အာတီတာကအသုံးပြုနေခဲ့ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ကွင်းလယ်လူဟောင်းအိုဇေးလ်နဲ့ ခိုင်းနှိုင်းချီးကျူးခဲ့ကြပေမယ့် အရေးနိမ့်ခဲ့ချိန်မှာတော့ ဘောလုံးတောင်မထိန်းတတ်ဘူးလို့ အပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က