နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ပြောသွားတာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဘရန့်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းက အနိုင်ရဖို့ ထိုက်တန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒီလို ပြောရတဲ့အကြောင်းရင်းကလည်း အသင်းအနေနဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့တာကြောင့်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။



မနေ့က ကစားခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက်တို့ မိနစ် (၉၀) အထိ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။ ဒါပေမယ့် လူစားဝင်ကစားသမား တွမ်မီနေးရဲ့ နာကျင်အချိန်ပို သွင်းဂိုးနှစ်ဂိုးကြောင့် ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ ရှုံးပွဲဆက်မှုကို ရပ်တန့်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်တို့ ပွဲချိန်ပြည့် လွှမ်းမိုးနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပျောက်ဆုံးခဲ့ပြီး သွင်းဂိုးတစ်ဂိုးကလည်း မာရှယ်လ် လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါသေးတယ်။ ပွဲအပြီးမှာတော့ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့အတွက် ဒီရလဒ်နဲ့ ထိုက်တန်တယ်ဆိုတာကို အားလုံး သဘောတူညီခဲ့ကြပါတယ်”

“ဘာကြောင့်လဲဆိုတော့ မိနစ် (၉၀) အတွင်း ကျွန်တော်တို့ ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက ဂိုးရခဲ့သင့်တာပါ။ ဂိုးမသွင်းနိုင်တဲ့အချိန်မှာ ဂိုးပေးရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒါမျိုးက အမြဲတမ်း ခက်ခဲကြမ်းတမ်းပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ တွမ်မီနေးရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနှစ်ဂိုးနဲ့အတူ သုံးမှတ်ရခဲ့ပါတယ်”

“ဒါက ကျွန်တော်တို့အတွက် တကယ်ကို ကောင်းမွန်တဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အတွက် ဒီနေ့မှာ ဒီအမှတ်တွေ သေချာပေါက် လိုအပ်နေခဲ့လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ တွမ်မီနေးဟာ ပွဲကစားချိန် (၈၇) မိနစ်မှ အမ်မရာဘတ်အစား လူစားဝင်ကစားခဲ့တာဖြစ်ပြီး အသင်းရဲ့နိုင်ပွဲအတွက် အခုလိုမျိုး သူရဲကောင်းတစ်ယောက်ဖြစ်သွားခဲ့တာပါ။ 

Share

Loading Next Article...
က္က