ဘယ်လိုတွေတောင် နားထောင်လို့ ကောင်းလိုက်လဲကွယ်။

အဆိုတော် မေဟာ အဲ့ဒီသီချင်းလေးကို အရမ်းကြိုက်လို့ Cover ပြန်ဆိုတာမျိုးမဟုတ်ပဲ သီချင်းကို မူရင်း သီချင်းရေးသူဆီကနေ ပြန်ဝယ်ပြီး Version အသစ်နဲ့ ပြန်ဆိုထားတာတွေ့ရပါတယ်။

ဇာတ်ဝင်ခန်းထဲက မေရဲ့ ပုံ

 

သီချင်းတွေ ဆိုနေတဲ့ မေက ပရိသတ်တွေအတွက် အောက်တိုဘာ(၁) ရက်နေ့က သီချင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါလိုက်ပါတယ်။ ပရိသတ် တွေ ကို မိတ်ဆက်ပေးလိုက်တဲ့ သီချင်းလေးက "မင်းကိုချစ်လို့" ဆိုတဲ့ သီချင်းလေးပါ။ အဲ့ဒီသီချင်းလေးဟာ အရင်ကလည်း အောင်မြင် ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

အဆိုတော် ဗလ၊ လေးဖြူနဲ့ သရုပ်ဆောင်ဒွေးတို့ သီဆိုခဲ့စဉ်ကလည်း အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။အခုချိန်မှာတော့ အဆိုတော် မေဟာ အဲ့ဒီသီချင်းလေးကို အရမ်းကြိုက်လို့ Cover ပြန်ဆိုတာမျိုးမဟုတ်ပဲ သီချင်းကို မူရင်း သီချင်းရေးသူဆီကနေ ပြန်ဝယ်ပြီး Version အသစ်နဲ့ ပြန်ဆိုထားတာတွေ့ရပါတယ်။

ဇာတ်ဝင်ခန်းထဲက မေရဲ့ ပုံ

 

"ဒီတစ်ခေါက်သီချင်းလေးကတော့ cover ပြန်ဆိုတဲ့အနေနဲ့မဟုတ်ပဲ အရင်က သီချင်းအဟောင်းလေးတစ်ပုဒ်ကို မူရင်းသီချင်းရေးသူဆီကနေ ပြန်ဝယ်ပြီး version အသစ်လေးနဲ့ပြန်ဆိုထားပါတယ်။ဒီသီချင်းလေးကို မေကိုယ်တိုင်လဲ ငယ်ငယ်ထဲက အရမ်း အရမ်းကို ကြိုက်ပြီး မေ့ရဲ့ နောက်ထပ်ထွက်မယ့် album ကျရင်လဲ ကိုယ်ပိုင် သီချင်းလေးအဖြစ်ထည့်ချင်တဲ့ အတွက်ကြောင့် ဝယ်ဖြစ်ခဲ့တာလေးပါ." ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ပရိသတ်အားလုံးကို အံ့သြသွားစေခဲ့တဲ့ အလင်းရောင်နဲ့ မေ  

သာယာတဲ့ သူမရဲ့ အသံလေးနဲ့ သီချင်းလေးဟာ လိုက်ဖက်လွန်းတာကြောင့် နာရီပိုင်းအတွင်းမှာ သူမရဲ့ သီချင်းဟာ ပရိသတ်တွေကြားထဲ တော်တော့်ကို ပြန့်သွားခဲ့ပါတယ်။ အခုဆိုရင် သူမသီဆိုထားတဲ့ "မင်းကိုချစ်လို့" ဆိုတဲ့ သီချင်းMTV ကို ကြည့်ရှုသူ (၃)သိန်းကျော်သွားခဲ့ပါပြီ။ ပရိသတ်တွေကြားထဲမှာလည်း ဒီသီချင်းက သူမနဲ့ လိုက်ဖက်တယ်ဆိုတဲ့ ကောမန့်ကောင်းကောင်းတွေကို ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။

သရုပ်ဆောင်မေ ကတော့ လက်ရှိရုံတင်ပြသနေတဲ့ ချူဆီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ထားတာဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတာဖြစ်ပါတယ်။

 

မေ ဟာ Marry ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိပြီးခဲ့ပြီးနောက်ပိုင်း သီချင်းတစ်ပုဒ်ချင်းစီကို အွန်လိုင်းမှာ တင်ပေးနေတာ တွေ့ရပါ တယ်။ ဗီဒီယိုဇာတ်ကားတွေကနေတဆင့်  ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သူမဟာ အနုပညာသက်တမ်း ကြာလာတာနဲ့ အမျှ  သူမရဲ့ အနုပညာ အရည်အသွေးတွေကို ပရိသတ်တွေလက်ခံလာ ကြတာကို တွေ့မြင်ရပါတယ်။

 

Share

Loading Next Article...
က္က