ဒီကနေ့နိုဝင်ဘာလ(၂၆)ရက်နေ့ ညနေ (၄)နာရီ (၆)မိနစ်အချိန်က နေပြည်တော်ရဲ့အနောက်တောင်ဘက် (၈၆)မိုင်ကို ဗဟိုပြုပြီး အင်အား(၄.၈)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီး ဒုတိယအကြိမ်အဖြစ် ညနေ (၅)နာရီ (၃၅)မိနစ်အချိန်မှာတော့ အင်အား (၅.၈)အဆင့်ရှိငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ဒုတိယအကြိမ် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ နေပြည်တော်မြေငလျင်စခန်းကနေ အနောင်တောင်ဘက် (၈၇)မိုင်ခန့်အကွာနဲ့၊ သရက်မြို့ရဲ့ အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကိုဗဟိုပြုလငပ်ခတ်ခဲ့တာပါတယ်။ ဒုတိယအကြိမ်လှုပ်ခတ်ခဲ့ထက် ငလျင်ဟာ ပထမအကြိမ်လှုပ်ခတ်ခဲ့တဲ့ ငလျင်ထက် အင်အားပိုပြင်းခဲ့ပြီး အချိန်က နာရီပိုင်းအကွာမှာ ထပ်မံလှုပ်ခတ်ခဲ့တာပါ။
ပထမအကြိမ်လှုပ်ခတ်ခဲ့တဲ့ ငလျင်က (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ငလျင်ဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံလှုပ်ခတ်ခဲ့တဲ့ ငလျင်က (၅.၇) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်းကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။
တစ်နေ့ထဲမှာ (၂)ကြိမ်လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် နေပြည်တော်မှာနေထိုင်ကြတဲ့ ဒေသခံတွေကြားမှာ ထိတ်လန့်မှုတွေဖြစ်နေကြပါတယ်။