ပီအက်စ်ဂျီ-လိုင်လီပွဲကတော့ နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ရှိခဲ့ပြီး မက်ဆီတို့တသိုက် ခက်ခက်ခဲခဲနဲ့ အနိင်ရရှိသွားခဲ့ပါတယ်။ ရလဒ်တွေဆက်တိုက်ဆိုးရွားနေတဲ့ ပီအက်စ်ဂျီက ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ဘတ်ပီ၊ နေမာတို့ဂိုးတွေနဲ့ပွဲကို ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် လိုင်လီကလည်း အဝေးကွင်းမှာ အကောင်းဆုံးပုံစံပြခဲ့ပြီး ပီအက်စ်ဂျီဘက်ကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းခဲ့လို့ ပွဲက တော်တော်လေးကို အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ၂-၁ နဲ့ ပီအက်စ်ဂျီဦးဆောင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ လိုင်လီက ဂိုးတွေဆက်တိုက်သွင်းပြီး ၂-၃ နဲ့ တောင် ပြန်ဦးဆောင်ခဲ့ပါတယ်။
ခြေစွမ်းပြနနေတဲ့ နေမာတယောက် ခြေကျင်းဝတ်ဒဏ်ရာရသွားလို့ လူစားလဲလိုက်ရတာလည်း ပီအက်စ်ဂျီကို အားနည်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ၈၇ မိနစ်မှာ ဘတ်ပီက ချေပဂိုးသွင်းပြီး မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုပေးထားချိန်မှာ မက်ဆီရဲ့ လှပတဲ့ ဖရီးကစ်ကန်ချက်နဲ့ ပီအက်စ်ဂျီတို့ နိုင်ပွဲရသွားခဲ့ပါတယ်။
မက်ဆီရဲ့ သွင်းဂိုးကတော့ ပီအကင်္စဂျီအတွက် အဖိုးတန်သွင်းဂိုးဖြစ်ခဲ့ပြီး ၄-၃ နဲ့ သူတို့အနိုင်ရသွားခဲ့ပါတယ်။ ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ နိုင်ပွဲဖြစ်ပြီး မက်ဆီရဲ့ ဖရီးကစ်ဂိုးကတော့ တကယ်ကိုလှပလွန်းခဲ့ပါတယ်။ အသင်းကို ကယ်တင်ပေးခဲ့တာဖြစ်ပြီး နေမာ၊ ဘတ်ပီတို့လည်း ခြေစွမ်းပြခဲ့ကာ နေမာ ဒဏ်ရာရခဲ့တာကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။