အေးမြတ်သူကတော့ အသက် ၃၄ နှစ်အရွယ်မှာ အချစ်ရေးနဲ့ပတ်သက်တဲ့ ခံစားချက်လေးကို ရင်ဖွင့်ပြောပြလာပါတယ်။
Photo: Aye Myat Thu
သရုပ်ဆောင် အေးမြတ်သူကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပါတယ်။ သူမ တန်ဖိုးထားတဲ့ ချစ်သူပုံစံကိုလည်း Duwun Media ကနေ ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။
“အချစ်ရေးကတော့ အရမ်းအေးချမ်းသွားပြီ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့တည်ဆောက် ကြမယ်။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ဘယ်လိုကူညီပေးမလဲဆိုပြီးတော့ အပြန်အလှန် Sharing လုပ်ရင်းနဲ့ ရင်ဆိုင်ဖြေရှင်းကြမယ်။ အဲဒါက အေးမြတ်သူအတွက်အချစ်ပဲ။ ဘဝတိုက်ပွဲကို တိုက်ရမယ်။ ဘဝမှာ ကိုယ်နဲ့အတူ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့သူမျိုးကိုပဲ တန်ဖိုးထားတယ်” လို့ သူကဆိုပါတယ်။
Photo: Aye Myat Thu
အေးမြတ်သူ ကိုယ်တိုင်ကလည်း အချစ်ရေးနဲ့ပတ်သက်လာရင် အရမ်းကြီး ခံစားချက်ထားတတ်တဲ့ သူမဟုတ်ဘူးလို့ ဆိုပါတယ်။ အသက် ၃၀ ကျော်အရွယ် အချစ်ရေး ခံစားချက်တွေကို အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။
“ စိတ်ပျိုမှ ကိုယ်နုတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတယ်။ လက်ရှိ ရှိနေတဲ့အသက်ကို အရမ်းလက်ခံချင်တယ်။ အခုဆို အသက်က ၃၄ ဖြစ်သွားပြီဆိုတော့ ကလေးမဟုတ်တော့ဘူး။ အပျိုဟိုင်းကြီးဖြစ်နေပေမယ့် ကျန်းမာကြံ့ခိုင်အောင် နေလို့ရတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို ချစ်တဲ့သူ အများကြီးရှိတယ်။ ကိုယ့်ကို တစ်ယောက်တည်းက မချစ်တာကို ဘာလို့ထိုင်ပြီး ဝမ်းနည်းနေမှာလဲ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Angel Phoo ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Aye Myat Thu
အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။