တရားဝင် ချစ်သူအဖြစ် ရွေးချယ်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ချစ်သူက အရမ်းကို နားလည်ပေးပြီး သဘောထားပြည့်ဝတဲ့ ချစ်သူ တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ အတွဲကို ပြတ်စေချင်ကြတဲ့ သူတွေကိုလည်း အခုလို တုံ့ပြန်စကားဆိုခဲ့ပါသေးတယ်။

Photo: Thinzar Wint Kyaw



သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူမ ရွေးချယ်လိုက်တဲ့ ချစ်သူအကြောင်း ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်လို့ ပရိသတ်နဲ့ မိတ်ဆက်ပေးဖြစ်ခဲ့တယ်လု့ိ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’ သူလည်း သင်ဇာ့ အတိတ်ကို စိတ်မဝင်စားဘူး၊ သင်ဇာလည်း သူ့အတိတ်ကို စိတ်မဝင်စားဘူး။ သူ အတိတ်မှာ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ သင်ဇာ စိတ်မဝင်စားဘူး။ အဓိကက လူပျို၊ လူလွတ်တော့ဖြစ်ရမယ်ပေါ့နော်။ ကိုယ်နဲ့တွဲနေတဲ့အချိန် ကိုယ့်အပေါ် သစ္စာရှိပြီး ကိုယ့်အပေါ် တကယ်ကောင်းတယ်၊ နားလည်ပေးနိုင်တယ်၊ တကယ်လည်း ချစ်ပေးနိုင်တယ်ဆိုရင်တော့ သူ ဘယ်လို လူမျိုးပဲဖြစ်ဖြစ် သင်ဇာ ချစ်မှာပဲ’’ လို့ ပီတိအပြုံးတွေကြားက ဖြေဆိုပေးခဲ့ပါတယ်။

Photo: Thinzar Wint Kyaw

အဲဒီနောက် သင်ဇာဝင့်ကျော်က ဂျပန်ကတုံးနဲ့ အလုပ်အတူ တွဲလုပ်မယ်ဆိုတဲ့ ကာလာဟလ Screen Short တွေကိုလည်း သူမရဲ့ ချစ်သူဆီကို မနာလိုသူတွေက ပို့ပေးခဲ့ကြတဲ့အပေါ် တုံ့ပြန်စကား ဆိုလာပါသေးတယ်။ ဒါပေမယ့် သဘောထားပြည့်ဝတဲ့ ချစ်သူဖြစ်တာကြောင့်လည်း ဝမ်းသာရတယ်လို့ သူကပြောပါတယ်။

‘’ ဒါကတော့ သူနဲ့ ကိုယ် ကြိုက်တာ မလို လို့လေ။ ပြတ်စေချင်လို့ ရှင်းရှင်းလေးပဲ။ သူက အဲဒီလိုတွေပို့တိုင်း သင်ဇာ့ကို ပြဿနာရှာမယ့် ယောကျ်ားမျိုးမဟုတ်ဘူး။ သူ့စိတ်က အရမ်းကို ပြည့်ဝတယ်။ နားလည်မှုလည်း အပြည့်ရှိတယ် ဆိုတဲ့အခါကျတော့ သူဘာပဲဖြစ်ဖြစ် သင်ဇာ့ကို အရင်မေးတယ်၊ အရင်ပြတယ်။ ဘာဖြစ်လို့လဲဆိုတာကိုလည်း အကျိုးသင့်အကြောင်းသင့်မေးတယ်။ သင်ဇာ စိတ်ဆိုးနေရင်တောင်မှ ဒေါသနဲ့ ပြန်ပြီး တုံ့ပြန်တတ်တဲ့သူ မဟုတ်ဘူး။ အရမ်းကိုကောင်းတဲ့သူမျိုးဆိုတော့ သူ့ကို ဘယ်လိုပဲ သင်ဇာ့မကောင်းကြောင်းတွေ သွားပြီး ပြောပါစေ သင်ဇာ့ကို အကျိုးအကြောင်းမေးပြီးတော့ တိုင်ပင်တတ်တဲ့သူပါ။ ဒီလို လူမျိုးရထားတဲ့အတွက်ကြောင့်လည်း အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်’’ လို့ Best Choice Auto Body ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ရဲ့ ချစ်သူကတော့ လက်ရှိ မလေးရှားနိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေကြတဲ့ သူတွေဖြစ်တာကြောင့်လည်း အချစ်ရေး ခိုင်မြဲအောင် ယုံကြည် နားလည်မှုတွေ အပြည့်ပေးထားကြတယ်လို့ လည်း သူကဆိုပါတယ်။

‘’ သူကလည်း အချိန်ပြည့် ခရီးတွေ ထွက်နေရတဲ့သူ၊ သင်ဇာကလည်း အချိန်ပြည့် ခရီးတွေ ထွက်နေရတဲ့သူ ဒီလိုပဲ အချိန်ကို ညှိပြီး ယူရတာပေါ့နော်။ Distance Relationship မှာ နားလည်မှုရှိဖို့က ပိုအရေးကြီးတယ်။ သူက အဝေးမှာရှိနေပေမယ့် ကိုယ့်အလုပ်အပေါ်ကိုလည်း နားလည်ပေးတယ်။ ကိုယ်ကလည်း သူ့အလုပ်ကို နားလည် ဒီလို တည်ဆောက်ရမှာပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုလည်း မရှိဘူး၊ နားလည်မှုလည်း မရှိဘူးဆိုရင်လည်း ပြတ်မှာပဲ။ ဒါပေမယ့် သူ့စိတ်က သင်ဇာ့စိတ်လိုပဲ ထပ်တူကျတယ်လို့ပြောလို့ရတယ်။ ဝါသနာတူတယ်၊ အားကစားလိုက်စားတာခြင်းလည်း တူတယ်’’ လို့ ဆက်လက် ပြောပြလာပါတယ်။

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ရဲ့ ချစ်သူကိုတော့ ဧပြီလ ၂၃ ရက်နေ့က သူမ တင်ခဲ့တဲ့ ဓာတ်ပုံတွေကနေတဆင့် အလင်းပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူ ဘယ်ဝါဆိုတာကို ပရိသတ်တွေက သိချင်ဇောနဲ့ ရှာဖွေကြတဲ့အခါမှာတော့ Instagram အကောင့်သုံးသူ ‘’enjoytavie’’ ဖြစ်တယ်လို့ သိရပါတယ်။ ‘’enjoytavie’’ အကောင့်မှာလည်း သင်ဇာဝင့်ကျော်ရဲ့ မော်ဒိုက် ကမ်းခြေ က ဓာတ်ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ သူမဟာ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ သူမကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က