ကြည်နူးစရာမိသားစုလေး။

သရုပ်ဆောင် နန္ဒာလှိုင်က ဒီနေ့(ဖေဖော်ဝါရီ၁ရက်)မှာ ကျရောက်တဲ့ ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ဆုတောင်စကားလေး ပြောထားတာပါ။

Photo : နန္ဒာလှိုင် FB



နားလည်မှု အပြည့်ရှိတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ခွင့်ရထားတဲ့ နန္ဒာလှိုင်က ခင်ပွန်းအတွက် မွေးနေ့ဆုတောင်း စကားလေးကို ညသန်းခေါင်ယံအချိန်လောက်ကတည်းက သူမရဲ့ ဖေ့်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်

Happy Birthday ပါယောက်ျားရေ အလုပ်ကိစ္စ မိသားစုကိစ္စ အိမ်မှုကိစ္စ သမီးလေးတွေကိစ္စနဲ့အမြဲ အလုပ်ရှုပ်နေတဲ့မိန်းမကို နားလည်မှုအပြည့်ပေးတဲ့ယောက်ျား သမီးလေးတွေနဲ့မိန်းမအတွက်ဆို အမြဲအဆင်သင့်ဖြစ်နေတဲ့ယောက်ျား ကျေးဇူးတင်ပါတယ် မေမေနဲ့သမီးလေးတွေကလဲဖေဖေ့ကိုအရမ်းချစ်ပါတယ်” ဆိုပြီး မိသားစု ပုံလေးတင်ကာ နန္ဒာလှိုင် ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁) ရက်နေ့က ရေးသားထားတာပါ။

Photo : နန္ဒာလှိုင် FB

နန္ဒာလှိုင်တို့ မိသားစုဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မိသားစုဖြစ်ပါတယ်။ ဇန်နဝါရီ(၃၀) ရက်နေ့ကလည်း ဝင်းစိန်တောရဆရာတော်ကြီးရဲ့ မွေးနေ့မှာ အလှူငွေ သိန်းပေါင်း (၆၀၀၀)ကျော် လှူဒါန်းခဲ့ပါသေးတယ်။

မိသားစုလိုက် အလှူဒါနပြုခဲ့တဲ့ ပုံလေးတွေကိုလည်း နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။ သူတို့မိသားစုရဲ့ အလှူလုပ်နေတဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။

Photo : နန္ဒာလှိုင် FB

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင် FB

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြင့် အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က