အခွေ နာမည်က နွားကျောင်းသူ တဲ့။

ဝိုင်းစုခိုင်းသိန်းရဲ့ တစ်ကိုယ်တော်အခွေအသစ်လေးရဲ့ နာမည်ကတော့ ‘’နွားကျောင်းသူ’’လို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ ဒီ သီချင်းခွေထဲမှာတော့ သူမရဲ့ သီဆိုမှုပုံစံ အပြောင်းအလဲတွေ စတင်တွေ့လာရမယ်လို့ ပြောပါတယ်။

Photo: Amazing Grace



ဝိုင်းစုခိုင်သိန်းကတော့ သူ့အတွက်နောက်ထပ် တစ်ကိုယ်တော်အခွေ အသစ်လေးကို ပရိသတ်အရှေ့ရောက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သီချင်းခေါင်းစဉ်လေးကိုတော့ ထူးထူးခြားခြားအနေနဲ့ ‘’နွားကျောင်းသူ’’ လို့ နာမည်ပေးဖြစ်ခဲ့တဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ဒီ သီချင်းကိုရေးပေးထားတာကတော့ ကိုအောင်လ ရေးပေးထားတာပါ။ ဝိုင်းစုက အကြောင်းအရာပြောပြပြီးတော့မှ သီချင်းရေးခိုင်းတာများတယ်။ ကိုယ်နဲ့ ပြတ်သွားတဲ့ ဘဲကို နာနာကျင်ကျင်နဲ့ပြောတာ။ သူ့ကိုရေးခိုင်းတာ အဲဒီလောက်မဟုတ်ဘူး။ သူရေးမှာ ပိုကြမ်းသွားတာ Rocker ဆိုတော့လေ။ ခေါင်းစဉ်ပေးတော့မှ ‘’နွားကျောင်းသူ’’ တဲ့။ သူပေးတဲ့ ခေါင်းစဉ်လေးပေါ့’’လို့ သူကဆိုပါတယ်။

Photo: Wine Su

သီချင်း သီဆိုမှု ပုံစံလေးတွေကိုလည်း ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။ သူမရဲ့ အသံကို နားထောင်နေကြမဟုတ်တဲ့ ပုံစံလေးတွေ မြင်တွေ့ရမယ်လို့ ပြောပါတယ်။

‘’ဒီအခွေထဲမှာ ဝိုင်းစု မဆိုဖူးတဲ့ သီချင်းတွေလည်းပါတယ်။ ပြီးတော့ အရင်တုန်းက ဆိုနေကြ အဆွေး သီချင်းလေးတွေလည်း ပါတယ်။ ပုံစံနည်းနည်းပြောင်းထားတဲ့ဟာတွေ ပါပါတယ်။ တဖြည်းဖြည်းပြောင်းလာတယ်ဆိုတာကလည်း ဝိုင်းစု ပြောင်းချင်တဲ့ ဂီတ ပုံစံမျိုးလေးတွေရှိတယ်။ နောက်တစ်ခွေဆိုရင်တော့ သိသိသာသာ ပြောင်းသွားမယ့်ဟာတွေရှိတယ်ပေါ့နော်။ ဒီအခွေမှာတော့ ဂီတ ပုံစံတွေ စပြောင်းနေပြီပေါ့’’ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့က ပြေတီဦးဖောင်ဒေးရှင်း ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Wine Su

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က