သစ်သီး‌စုံ ရောင်းချတဲ့ ဆိုင်ကနေ ကိုယ်ပိုင် မီနူး နာမည် ထူးထူးခြားခြားဟင်းပွဲတွေစုံစုံလင်လင်လေး ရရှိနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။

နာနတ် ၊ဖရဲ၊ စတဲ့ သစ်သီး‌တွေအစုံ ခင်းကျင်းရောင်းချတဲ့ ဆိုင်အဖြစ်ကနေပြီးတော့ လက်ရှိမှာဆိုရင် ကိုယ်ပိုင် မီနူးတွေအဖြစ် ထူးထူးခြားခြားနာမည်နဲ့အတူ အခြားမီနူးတွေ (၂၅) မျိုးလောက် ရရှိနိုင်တဲ့ ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ပြောင်းလဲ ဖွင့်လှစ်ဖြစ်ခဲ့ပုံ

ဒီဆိုင်လေးဟာဆိုရင် အရင်မူလ သစ်သီးတွေရောင်းချတဲ့ နေရာမှာပဲ ပြန်လည်ဖွင့်လှစ်ထားတာ (၂) လလောက်ပဲ ရှိပါသေးတယ်။ သစ်သီးတွေကိုရောင်းချခဲ့တဲ့ သက်တမ်းအရ (၁၃) နှစ် ဝန်းကျင်ရှိခဲ့ပြီ ဖြစ်ပေမယ့် ကုန်စျေးနူန်း အပြောင်းအလဲကြောင့် သစ်သီးဆိုင်အဖြစ် ရပ်တည်ဖို့ အဆင်မပြေတော့တဲ့အတွက်အခုလို ပြောင်းလဲ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 
ပင်လယ်စာနန်းတော် ဖူးစာဖက်ဟင်းပွဲ 

ပင်လယ်စာနန်းတော်ဖူးစာဟင်းပွဲ ဆိုရင်လည်း ထမင်းနဲ့ တွဲဖက်စားလို့ရတဲ့အပြင် ချဉ်ငံစပ် အနှစ်လေးတွေ ပုံစားရမယ့် ပင်လယ်စာ ဟင်းပွဲကြီးတစ်ပွဲဖြစ်ပြီးတော့ (၁၈၀၀၀) ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်။ ဒီဟင်းပွဲရဲ့ နာမည်ကိုတော့ စားသုံးသူအများစုက သဘောကျ နှစ်သက်တဲ့အပြင် အရသာကလည်း ကောင်းမွန်တာကြောင့် လူကြိုက်များတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

စုံစုံလင်လင်ဟင်းပွဲတွေ

မုံရွာမြို့ ဇာတိဖြစ်တဲ့အတွက် အညာသားလေး ဆိတ်သားထောင်း၊ ဆိတ်မွထောင်းလိုမျိုး နာမည်တွေ တပ်ပြီးတော့ ရောင်းချတဲ့ ဟင်းပွဲတွေလည်း ရှိသလို ဝက်၊ ကြက်၊ ပင်လယ်စာ၊ အမဲသားတွေနဲ့ ပတ်သတ်တဲ့ ဟင်းပွဲတွေကိုလည်း စုံစုံလင်လင်လေး ရရှိနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်လည်းဖြစ်ပါတယ်။

စျေးနူန်းနဲ့ဆိုင်လိပ်စာ

ဆိုင်မှာရောင်းချတဲ့ အစားအသောက်တွေထဲမှာတော့ မာလာရှမ်းကော တစ်ပွဲကို လူ (၃) ယောက်အထိ စားလို့ရတဲ့အပြင် စျေးကလည်း တစ်သောင်းခွဲကျပ်ပဲ ကျသင့်မှာဖြစ်တဲ့အတွက် စားသုံးသူလည်း များပြား ပါတယ်။ ဆိုင်လိပ်စာကတော့ လှည်းတန်းလမ်းမပေါ်၊ ကျောင်းရှေ့မှတ်တိုင်အနီး၊ ထန်းတစ်ပင်လမ်းထိပ်မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က