သဇင်ထူးမြင့်ဟာ မကြာခင်တုန်းကရိုက်ခဲ့တဲ့ "ဆုံဆည်းခွင့်"ရုပ်သံဇာတ်လမ်းတွဲရိုက်ကွင်းပေါ်က အမှတ်တရတွေကို ပြောပြလာပါတယ်။ မြွေကြောက်တတ်သူဖြစ်တာကြောင့် ဒါရိုက်တာက လိမ်ပြောပြီး ရိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေရှိပါတယ်တဲ့။
Photo: Thazin Htoo Myint
သဇင်ထူးမြင့်ကတော့ မကြာသေးခင်က စီနီယာအနုပညာရှင်တွေနဲ့အတူ “ဆုံဆည်းခွင့်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း သူမကမီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ၂ လအတွင်းမှာ ငယ်ငယ်က ကိုယ်တွေ့ခဲ့ရတဲ့ သရုပ်ဆောင်ကြီးတွေနဲ့လည်းရိုက်ရတယ်။ အမှတ်တရတွေလည်း အများကြီးပဲ။ အကုန်လုံးကလည်း လက်တွဲခေါ်ကြတယ်ဆိုတော့ ပျော်ဖို့လည်းကောင်းတယ်။ အမှတ်တရတွေလည်း အများကြီးပါပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ညက “တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီးအထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Thazin Htoo Myint
သဇင်ထူးမြင့်ဟာ ဆုံဆည်းခွင့် ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အိချောပိုရဲ့ ညီမငယ်လေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမရဲ့ ကာရိုက်တာကတော့ အစ်မဖြစ်သူကိုလည်း ကြောက်ရသေး၊ နည်းနည်းလည်း အူကြောင်ကြောင်နိုင်တတ်တဲ့ ကောင်မလေး တစ်ယောက်ရဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စွမ်းပိုင်က ရိုက်ကူးထားတာဖြစ်ပါတယ်။
Photo: Thazin Htoo Myint
သူမကတော့ အရင်ကတည်းက မြွေကြောက်တတ်တဲ့သူ တစ်ယောက်ပါ။ ဒါပေမယ့် ဇာတ်ကားထဲမှာ မြွေအစစ်နဲ့ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် သဇင်ထူးမြင့်တစ်ယောက် အရမ်းကို ကြောက်နေခဲ့တာပါတဲ့။
"မှတ်မှတ်ရရ နောက်ဆုံးနေ့မှာ သဲက မြွေအစစ်နဲ့ရိုက်နေရတာ မြွေလည်း အရမ်းကြောက်တယ်။ တကယ်တမ်း မြွေမပါရင်လည်း အိုက်တင်က လိုနေတာပေါ့။မြွေမပါဘဲရိုက်မယ်ပေါ့ ပုဆိုးလိမ်ထားမယ်ဆိုပြီးတော့ပြောကြတယ်။ ဒါပေမယ့် မြွေကြီးကို တွေ့လိုက်တဲ့ အချိန်မှာ အရမ်းကြောက်မိသွားတယ်။ ရိုက်ခဲ့ရတာလည်း ဒါရိုက်တာအစ်ကိုက လိမ်ရိုက်လို့ပြီးသွားတာပေါ့" လို့ သူကဆိုပါတယ်။
Photo: Thazin Htoo Myint
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ လူငယ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။