Verified acc တွေ Tweet ပြန်တင်နိုင်ပြီလို့ ဆိုပါတယ်

Apple ၊ အီလွန်မတ်စ် နဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့ အပါအဝင် ရာနဲ့ချီတဲ့ Twitter ရဲ့ verified account တွေဟာ cryptocurrency scam ဖြန့်ဖို့ ဟက်ကာတွေရဲ့ ထိန်းချုပ်မှုခံလိုက်ရပါတယ်။

Twitter ပလက်ဖောင်းမှာ အံ့အားသင့်စရာအကောင်းဆုံးနဲ့ ပျံ့နှံ့မှုအများဆုံး တိုက်ခိုက်မှုတစ်ခုလို့ ဆိုနိုင်မယ့် ဒီဖြစ်ရပ်ဟာ ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Twitter ပေါ်က ဘီလျံနာများ ၊ အနုပညာရှင် ၊ စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံရေးနယ်ပယ်က ထိပ်တန်းရောက်သူများ စတဲ့ high-profile အကောင့်တွေ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။



ထိန်းချုပ်ခံလိုက်ရတဲ့ အကောင့်တွေကနေ bitcoin wallet တစ်ခုရဲ့ လိပ်စာကို promote လုပ်တဲ့ မက်ဆေ့ချ်တွေ တင်ခဲ့ပါတယ်။ မက်ဆေ့ထဲမှာ ဒီ လိပ်စာအတိုင်း ပေးလိုက်တဲ့ ငွေပေးချေမှု ပမာဏတိုင်းရဲ့ နှစ်ဆပြန်ရမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။ ဒီအတွက် မိနစ် ၃၀ ပဲ ကြာမယ်လို့လည်း ဖော်ပြထားပါတယ်။ 

Photo: Tech Crunch


နာရီနဲ့ ချီပြီး ထိန်းချုပ်ခံလိုက်ရတဲ့ ဒီဖြစ်စဉ်မှာ နာမည်ကြီးပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ကင်မ်ကာဒါရှီယန်ဝက်ဘ်စ် ၊ ဂျက်စ်ဘီဇော့စ် ၊ ဘားရက်ခ်အိုဘားမား ၊ ဘီလ်ဂိတ်စ် ၊ ဝစ်ဇ်ခါလီဖာ ၊ ဝါရင်ဘတ်ဖတ် ၊ YouTuber တစ်ဦးဖြစ်တဲ့ MrBeast ၊ Wendy's ၊ Uber ၊ CashApp နဲ့ မိုက်ခ်ဘလွန်းဘာ့ဂ်တို့ရဲ့ အကောင့်တွေကနေ အလားတူ cryptocurrency scam တွေ တင်လာခဲ့တယ်လို့ Tech Crunch သတင်းက ဆိုပါတယ်။ 

bitcoin ၊ ripple ၊ coindesk ၊ coinbase နဲ့ binance တို့ရဲ့ အကောင့်တွေလည်း တိုက်ခိုက်ခံရပြီး "CryptoForHealth နဲ့ ပူးပေါင်းပြီး အဖွဲ့အစည်းတွေအတွက် BTC 5000 ပေးနေတယ်" ဆိုတဲ့ စာနဲ့အတူ ဝက်ဘ်ဆိုက်တစ်ခုရဲ့ လိပ်စာပါ ညွှန်းခဲ့ပါတယ်။ လင့်ခ်ညွှန်းထားတဲ့ ဝက်ဘ်ဆိုက်ဟာ အမြန်ပဲ offline ဖြစ်သွားခဲ့ပါတယ်။ 

Twitter ကို တိုက်ခိုက်သွားတဲ့ ဟက်ကာဟာ အတွင်းလူ Twitter admin tool ကို ဖောက်ထွင်းပြီး နာမည်ကြီး high-profile အကောင့်တွေကို ရယူသွားတာပါ။ Twitter အကောင့်များ တိုက်ခိုက်ခံရတဲ့ အကြောင်းကို ကုမ္ပဏီကလည်း တရားဝင်အကောင့်မှာ အတည်ပြုထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ အတွင်းပိုင်း systems နဲ့ Toos တွေ ကိုင်ခွင့်ရတဲ့ ဝန်ထမ်းတစ်ချို့ကို ပစ်မှတ်ထားပြီး social engineering အဖြစ် ပူးပေါင်းကြံစည်တိုက်ခိုက်မှုလုပ်ခဲ့ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ 


Photo: Tech Crunch

internal Twitter tools ကို အသုံးချပြီး အကောင့်တွေကနေ scam post တင်ခဲ့တဲ့ blockchain address ဟာ မိနစ်ပိုင်းအတွင်း bitcoin ၁၂.၅ ခုကျော် (ဒေါ်လာ ၁၁၆၀၀၀) ရသွားခဲ့တယ်လို့ Tech Crunch က ပြောပါတယ်။ ဟက်ကာတွေဟာ သူတို့တိုက်ခိုက်ခဲ့တဲ့ Twitter အကောင့်တွေကို အပြည့်အဝ ထိန်းချုပ်ထားခဲ့ပြီး အကောင့်နဲ့ ဆက်စပ်နေတဲ့ email လပိစ်ကာကိုလည်း ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

Twitter ဟာ တိုက်ခိုက်ခံလိုက်ရတဲ့ အကောင့်တွေကို ချက်ချင်း lock down ချပေးခဲ့ပါတယ်။ လက်ရှိမှာ Twitter ရဲ့ အတည်ပြုအကောင့် (Verified Accounts) တွေဟာ Tweet ပြန်တင်နိုင်ပြီလို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က