Line Walker ထဲမှာ ပါတဲ့ မင်းသားတွေနဲ့အတူ ရိုက်ရမှာပါ။

ခါရာအတွက် ၂၀၂၀ခုနှစ်က စိန်ခေါ်မှုတွေများတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ တရုတ်နိုင်ငံက နာမည်ကြီး မီဒီယာတချို့ရဲ့ စာမျက်နှာတွေမှာ ဖော်ပြခြင်း ခံရပြီး မကြာခင်မှာ နာမည်ကြီး တရုတ်မင်းသားတွေနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ ရှိနေပါသေးတယ်။

Photo : ခါရာ

မော်ဒယ်သရုပ်ဆောင် ခါရာကတော့ မကြာခင်မှာ line Walker ထဲမှာပါဝင်တဲ့ နာမည်ကြီး တရုတ်မင်းသားတွေအတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကိုလည်း မကြာခင်မှာ Casting ဝင်ဖို့အတွက် တရုတ်နိုင်ငံကို သွားရတော့မှာ ဖြစ်ပြီး ရုပ်ရှင်မရိုက်ခင် ရှန်ဟိုင်းတွင် mini Series တစ်ကား အရင်ရိုက်ကူးဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။

“တရုတ်ကားမှာ casting သွားဝင်ဖို့ သူတို့က ကျွန်တော့်ကို ကမ်လှမ်းတယ်။line Walker ထဲမှာ ပါတဲ့ နာမည်ကြီးမင်းသား တွေလည်းပါတယ်။ ဒီနှစ် နှစ်လည်လောက်မှာ ရုပ်ရှင်ရိုက်ဖို့ ကိစ္စနဲ့ တရုတ်ကိုသွားဖို့ ရှိပါတယ်။ ရုပ်ရှင်မရိုက်ခင် mini Series အရင်ရိုက်ပေးရမယ်ပေ့ါ။ အဲ့ဒါကတော့ရိုက်ဖို့သေချာသွားပြီ။ ဇန်နဝါရီ ၁၇၊ ၁၈ လောက်မှာ သွားရိုက်ရမှာပါ” လို့ ခါရာက Duwun media ကို ပြောပါတယ်။

Photo : ခါရာ

ခါရာဟာ၂၀၁၉ခုနှစ်၊ ခရစ္စမတ်အချိန်တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ခရစ္စမတ်ရာသီနဲ့လိုက်ဖက်မယ့် ဓာတ်ပုံလေးတွေ ရိုက်ကူးပြီး တင်ခဲ့ပါတယ်။ ယင်းဓာတ်ပုံလေးတွေကို တရုတ်နိုင်ငံရဲ့ နာမည်ကြီး မီဒီယာတချို့ကနေ ကူးယူခဲ့ပြီး ခါရာရဲ့ ကိုယ်ရေးအကြောင်းအရာတွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ရာကနေ တရုတ်နိုင်ငံက ထုတ်လုပ်ရေးတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo : ခါရာ

ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။



Share

Loading Next Article...
က္က