Aeroflot ကလည်း ရုရှားလေကြောင်းလိုင်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ သူတို့ရဲ့ စပွန်ဆာကုမ္ပဏီတခုဖြစ်တဲ့ ရုရှားလေကြောင်းလိုင်း Aeroflot နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားက ယူကရိန်းကို မကျူးကျော်ခင် တင်းမာနေချိန်ားတပးကလည်း ရင်ဘတ်ပွကလည်း ုမ စောင့်ကြည့် ပြီးခဲ့တဲ့အပတ်တည်းက ယူနိုက်တက်ဟာ အဆိုပါလေကြောင်းလိုင်းနဲ့ ခရီးသွားဖို့ ငြင်းဆန်ခဲ့ပြီး ဗြိတိန်အခြေစိုက် လေကြောင်းလိုင်းနဲ့သာ စပိန်မြေကို ချန်ပီယံလိဂ်ပွဲကစားဖို့ ထွက်ခွာသွားခဲ့ပါတယ်။



မနေ့က ရုရှားသမ္မတပူတင်ရဲ့ အမိန့်နဲ့ ရုရှားတို့ ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း ကမ္ဘာတဝန်းက ခေါင်းဆောင်တွေဟာ ရုရှားကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ မနက်မှာပဲ ရုရှားလေကြောင်းလိုင်းတွေကို နယ်နိမိတ်အတွင်း ပျံသန်းခွင့်မပြုတော့ဘူးလို့ ဗြိတိန်က အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် ယူနိုက်တက်ကလည်း Aeroflot နဲ့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ယူကရိန်းမှာဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကြောင့် ကျနော်တို့အနေနဲ့ Aeroflot နဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ကမ္ဘာတဝန်းလုံးမှာရှိနေတဲ့ ကျနော်တို့ ပရိသတ်တွေအတွက် စိုးရိမ်ပူပန်မှုနေပြီး ထိခိုက်ခံစားနေရသူတွေကိုလည်း စာနာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ Aeroflot တို့အကြား စာချုပ်သက်တမ်းကလည်း လာမယ့်ဧပြီမှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းရဲ့ အမှုဆောင်အရာရှိချုပ်အသစ် ရစ်ချက်အာနိုးလ်က အရင်တည်းက ဒီလေကြောင်းလိုင်းနဲ့ စပွန်ဆာစာချုပ်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ Aeroflot ဟာ (၂၀၁၃) တည်းက ယူနိုက်တက်ရဲ့ စပွန်ဆာအဖြစ် ရပ်တည်ခဲ့ပြီး (၂၀၁၇) မှာ ထပ်မံ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

ယူနိုက်တက်ဟာ လေကြောင်းလိုင်း စပွန်ဆာအသစ်အဖြစ် အခြားသော လေကြောင်းလိုင်းတွေကို ရှာဖွေလျက်ရှိပြီး နာမည်ကျော် ကာတာလေကြောင်းလိုင်းကလည်း ယူနိုက်တက်ရဲ့ စပွန်ဆာအသစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။

မနေ့ကလည်း ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်က ရုရှားရဲ့လုပ်ရပ်ကို လူသိရှင်ကြား ရှုတ်ချခဲ့သလို အခြားသော ဂျာမန်နာမည်ကြီးအသင်းတသင်း လက်ရှိ ဘွန်ဒက်စ်လီဂါ-၂ မှာ ကစားနေတဲ့ ရှော်လ်ကေးကလည်း သူတို့ရဲ့ ဂျာစီစပွန်ဆာအဖြစ်ပေးထားတဲ့ ရုရှားနိုင်ငံပိုင် ဂက်ဇ်ပရွန်လိုဂိုကို ဂျာစီတွေပေါ်ကနေ ဖယ်ရှားမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က