ရီးရဲလ်ကနေ ထွက်ခွာသွားရတော့မှာပါ။

ရီးရဲလ်မက်ဒရစ် နဲ့ ဘက်တစ်တို့ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၃၈ ကတော့ တကယ်ကို ဝမ်းနည်းဝမ်းသာရမလို့ပါပဲ။ မာဆယ်လိုနဲ့ အစ္စကိုတို့ ထွက်ခွာရတော့မယ်လို့ သိရတာကြောင့် ဝမ်းနည်းရသလို သူတို့နှစ်ဦးကို အားလုံးက လေးစားမှုအပြည့်ပေးခဲ့တာက ကြည်နိူးစရာပါ။ ဂိုးမရှိသရေကျခဲ့တဲ့ ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးမပါတော့ပေမယ့်လည်း လာလီဂါနဲ့ ကိုပါဒယ်ရေးဖလားဆွတ်ခူးထားတဲ့ ချန်ပီယံအသင်းတွေဖြစ်နေလို့ ဂုဏ်သိက္ခာအရကြီးမားခဲ့သလို ကစားသမားတချို့ကြောင့်လည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ 

ဒီပွဲအပြီးမှာ ရီးရဲလ်ကွင်းလယ်လူအစ္စကိုက အသင်းကထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့သလို ထွက်ခွာတော့မယ့်လို့ ပြောဆိုထားပြီးဖြစ်တဲ့ ဝါရင့်နောက်ခံလူမာဆယ်လိုအတွက်လည်း နေက်ဆုံးသော လာလီဂါပွဲစဉ်စြဖ်နေခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ရာသီကုန်ရှင် ဘာနေဗျူးကို စွန့်ခွာတော့မှာဖြစ်ပြီး ကစားသမားဘ၀မှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ရာ နေရာကို ကျောခိုင်​ေးတာ့မှာဖြစ်ပါတယ်။ 

ဒုတိယပိုင်းမှာ သူတို့နှစ်ဦးစလုံးကို အန်ဆယ်လော့တီက လူစားလဲလှယ်ထည့်သွင်းခဲ့ပြီး မာဆယ်လိုကိုတော့ အသင်းဖော်တွေက ဝိုင်းဝန်းကာ ဂါရ၀ပြုနှုတ်ဆက်ခဲ့ပါတယ်။ အစ္စကိုကတော့ မျက်ရည်တွေကျတဲ့အထိ ခံစားနေခဲ့ရပြီး ရီးရဲလ်ကစားသမားဘ၀အဖြစ်ကို စွန့်လွှတ်ရမယ့်အပေါ်မှာ စိတ်ထိခိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

သူတို့နှစ်ဦးစလုံးဟာ အသင်းမှာ ပုံမှန်ကစားခွင့်မရရှိတော့သူတွေဖြစ်ပြီး အနာဂတ်အတွက် အသင်းသစ်ကို ပြောင်းရွှေ့ရတော့မှာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အ​ောင်မြင်မှုမှတ်တမ်းတွေမှာ အဓိကအစိတ်အပိုင်းတွေကနေ ပါဝင်ခဲ့ဖူးသူတွေဖြစ်ကြပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အနိုင်ယူပြီး အသင်းက သူတို့ကို နှုတ်ဆက်နိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ 

Share

Loading Next Article...
က္က