အသက် (၁၈) နှစ်အရွယ် မိန်းကလေးကို ကျူးလွန်ခဲ့တာပါ။

စပိန်နိုင်ငံ၊ အိုင်ဘီဇာကျွန်းက ရဲတပ်ဖွဲ့ဟာ ဘောလုံးသမားတယောက်ကို မုဒိမ်းမှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။ အသက် (၁၈) နှစ်အရွယ် မိန်းကလေးတယောက်က လိင်ပိုင်းဆိုင်ရာ စော်ကားခံရကြောင်း တိုင်ကြားခဲ့တဲ့နောက် အဆိုပါကစားသမားနဲ့ နောက်ထပ်အဖော်အမျိုးသားတယောက်လည်း အဖမ်းခံထားရပါတယ်။



အဆိုပါကစားသမားဟာ ဂျာမန်ဘွန်ဒက်စ်လီဂါက ကစားသမားတယောက်လို့သာ သိထားရပြီး ဘယ်အသင်းမှာ ကစားတယ်၊ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒီကစားသမားဟာ အသက် (၁၈) နှစ်အရွယ် မိန်းကလေးကို ဆန်ဟိုဆေးဒေသတွင်းလေဆိပ်ကနေ ကားနဲ့ခဏပဲ သွားရောက်ရတဲ့ ဗီလာတခုမှာ လိင်ပိုင်းဆိုင်ရာအရ စော်ကားခဲ့ဟန်ရှိပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ အဆိုပါမိန်းကလေးဟာ ဒီလိုမျိုး ကျူးလွန်ခံရပြီးနောက် ဆေးရုံတင်ပို့ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့အချိန်ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာဖြစ်ပြီး လက်ရှိ စွပ်စွဲခံထားရတဲ့ ကစားသမားနဲ့ သူ့ရဲ့အဖော်တို့ကို ရဲတပ်ဖွဲ့က နေ့တွင်းချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါ့အပြင် ဒီအမှုနဲ့ပတ်သက်လို့ စွဲချက်တင်ဖို့ရှိ၊ မရှိဆိုတာကိုလည်း တံခါးပိတ်ကြားနာသွားမှာပါ။

ဒီကစားသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ ကစားသမားဖြစ်ပြီး ဂျာမနီရဲ့ အအောင်မြင်ဆုံးအသင်းတွေထဲက တသင်းမှာ ကစားနေတယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် သူကစားနေတဲ့အသင်းက အမှတ်ပေးချန်ပီယံဆုကို အကြိမ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့တယ်လို့လည်းဆိုထားတာကြောင့် ဘိုင်ယန်မြူးနစ်က ကစားသမားဖြစ်နိုင်တယ်လို့လည်း မှန်းဆနေကြပါတယ်။



အဖမ်းခံရတဲ့ အမျိုးသားနှစ်ယောက်လုံးက ဂျာမနီသားတွေပဲဖြစ်ကြပြီး ဒီအကြောင်းကို ဂျာမန်သတင်းစာတွေဘက်က ဖော်ပြခြင်းမရှိသေးပေမယ့် အိုင်ဘီဇာဒေသတွင်း သတင်းဌာနတွေမှာတော့ ဖော်ပြနေကြပါတယ်။ ဒါ့အပြင် နောက်ထပ်မှတ်ချက်တွေအတွက် တရားရုံးတာဝန်ရှိသူတွေဆီ ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ မှတ်ချက်ပေးထားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က