မော်လ်ဒိုဗာကလပ်အသင်းငယ်လေးဖြစ်တဲ့ ရှာရစ်ဟာ ဒီရာသီမှာမှ ပထမဆုံးအကြိမ်အနေနဲ့ ချန်ပီယံလိဂ်ပွဲကို ဝင်ရေက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ်ရာအနိုင်ရရှိခဲ့ပြီးနောက် ရှာရစ်အသင်းနည်းပြဖြစ်သူ ယူရီဗာနိုင်ဒက်ဘ်က သူတို့အသင်းဟာ အံ့ဖွယ်သရဲစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ချန်ပီယံလိဂ်က သူတို့အသင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောဆိုခဲ့သူတွေကိုလည်း ကောင်းကောင်းကြီးတုံ့ပြန်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
မော်လ်ဒိုဗာကလပ်အသင်းငယ်လေးဖြစ်တဲ့ ရှာရစ်ဟာ ဒီရာသီမှာမှ ပထမဆုံးအကြိမ်အနေနဲ့ ချန်ပီယံလိဂ်ပွဲကို ဝင်ရေက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်း ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရာအနိုင်ယူပြခဲ့ပြီး အုပ်စုအဖွင့် ၂ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားကိုပါ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
"ဒါကြောင့် သူတို့ကွင်းမှာ အနိုင်ရခဲ့တာက ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ၊ ခရီးရှည်ကြီးထပ်သွားရဖို့ရှိနေသေးလို့ ကျွန်တော်တို့ နောက်ပွဲအတွက် ပြင်ဆင်ရဦးမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်နည်းပြအန်ဆယ်လော့တီကတော့ သူတို့လုပ်ခဲ့သမျှအားလုံး ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်လို့သာ ညည်းတွားပြောဆိုသွားခဲ့ရပါတယ်။