ဆန်မာရီနိုနဲ့ပွဲက ကစားဟန်နဲ့ ခြေစွမ်းကို အထင်ကြီးနေတာပါ။

ဆောက်ဂိတ်ရဲ့အသင်းဟာ ပြိုင်ဘက်ကို ၁၀ ဂိုးအထိ သွင်းယူခဲ့ပြီး  ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ကာ ယူရိုတုန်းကထက် တဆင့်ပိုမြင့်လာခဲ့ပြီလို့ ရွိုင်ကိန်းက ဆိုခဲ့ပါတယ်။ 


ဆန်မာရီနိုကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အင်္ဂလန်ရဲ့ ကစားပုံနဲ့ ခြေစွမ်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားကိုင်မြှောက်နိုင်တဲ့အနေအထားမျိုးရှိနေတယ်လို့ ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ဆောက်ဂိတ်ရဲ့အသင်းဟာ ပြိုင်ဘက်ကို ၁၀ ဂိုးအထိ သွင်းယူခဲ့ပြီး  ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ကာ ယူရိုတုန်းကထက် တဆင့်ပိုမြင့်လာခဲ့ပြီလို့ ရွိုင်ကိန်းက ဆိုခဲ့ပါတယ်။ 

ဖီးလ်ဖိုဒန်၊ မေဆန်မောင့်၊ ဘီလင်ဟမ်တို့လို လူငယ်ကစားသမားတွေဟာ နောက်နှစ်မှာ အင်္ဂလန်အတွက် အားကိုးရမယ့် ကစားသမားတွေအဖြစ် ရှုမြင်ခံနေရပါတယ်။ ဒါကြောင့်လည်း ရွိုင်ကိန်းက အင်္ဂလန်ဟာ ကာတာမှာ အဓိကပြိုင်ဘက်တွေနဲ့ ရင်ဆိုင်နိုင်ဖို့ကို အာရုံစိုက်လိမ့်မယ်လို့ အခိုင်အမာပြောဆိုသွားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ITV ကတဆင့် ဆွေးနွေးမှုမှာ အင်္ဂလန်က ကမ္ဘာ့ဖလားကိုရယူနိုင်မလားဆိုတဲ့အချက်နဲ့ပတ်သက်ပြိး ရွိုင်ကိန်းက "ဒါဖြစ်ရမယ်၊ ဒီကစားသမားတွေက ဖြစ်နိုင်တဲ့အလားအလာရှိတယ်လို့ ကျွန်တော်ထင်တယ်၊ နောက်လအနည်းငယ်မှာ သိသာတဲ့ပြောင်းလဲမှုတွေရှိလာနိုင်ပေမယ့်လည်း လက်ရှိမှာတော့ အင်္ဂလန်က ကမ္ဘာ့ဖလားကို ရယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ထားဖို့တော့ လိုပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။


ယူရိုဗိုလ်လုပွဲမှာ အီတလီကို အရေးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ နိုင်ငံတကာပွဲတွေ ပြန်မစတင်ခင်မှာ အနားယူချိန်ရခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ရွိုင်ကိန်းက "ဒါတွေက ရောင်ပြန်ဟပ်တာပါ၊ ဂါရတ်က တလ ဒါမှမဟုတ် နှစ်လလောက် အနားယူခွင့်နဲ့ ထိုက်တန်ပါတယ်၊ အားပြန်ဖြည့်မယ်၊ ကစားသမားတွေက ကလပ်မှာ ကောင်းကောင်းလုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 

အင်္ဂလန်ကတော့ ၁၉၆၆ ကစပြီး အဓိကဆုဖလားတွေကို ရယူနိုင်ခဲ့ခြင်းမရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ယူရို ၂၀၂၀ မှာ ဗိုလ်လုပွဲအထိရောက်ပြီး ဝင်ဘလေမှာကစားခဲ့ရပေမယ့် အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က