ဟွမ်ဟီချန်းကို ဂွါဒီယိုလာအတိုင်း သုံးနှုန်းခေါ်ဝေါ်ပြခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝုလ်ဗ်အက်ဒ်မင်ရဲ့ ဂွါဒီယိုလာကို တစ်ကွက်ပြလိုက်တဲ့ ကိစ္စက ပရိသတ်တွေအကြား ရေပန်းစားနေခဲ့ပါတယ်။ ဒီပွဲမှာ ဝုလ်ဗ်က မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်လိုက်ရပါတယ်။ ဒီပွဲမှာ ဝုလ်ဗ်တို့ ရူဘင်ဒီယက်စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကတစ်ဆင့် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ မန်စီးတီးအတွက် အယ်လ်ဗာရက်ဇ်က ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ဟွမ်ဟီချန်းရဲ့ သွင်းဂိုးကြောင့် မန်စီးတီးတို့ ဒီရာသီ ပထမဆုံးလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။


ဒီလိုမျိုး ဟွမ်ဟီချန်းရဲ့ သွင်းဂိုးအတွက် ဆိုရှယ်မီဒီယာကတစ်ဆင့် ကြေညာချိန်မှာတော့ ဝုလ်ဗ် အက်ဒ်မင်က ဟွမ်ဟီချန်းကို “The Korean Guy” ဆိုတဲ့ စကားလုံးနဲ့ ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ ဒီစကားလုံးကတော့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ဟွမ်ဟီချန်းကို ရည်ရွယ်သုံးနှုန်းခဲ့ပါတယ်။


ဂွါဒီယိုလာဟာ သတင်းစာရှင်းလင်းပွဲမှာ ဝုလ်ဗ်ရဲ့ တိုက်စစ်ပိုင်းကို ချီူးကျူးနေရင်း ဟွမ်ဟီချန်းရဲ့နာမည်ကို မေ့နေပုံရပြီး The Korean Guy အဖြစ်သာ သုံးနှုန်းပြောဆိုသွားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဝုလ်ဗ်ရဲ့ ဆိုရှယ်မီဒီယာဘက်က ဒီအသုံးအနှုန်းနဲ့အတူ ဂွါဒီယိုလာကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအကြားမှာ ဒီဖြစ်ရပ်က ရေပန်းစားနေခဲ့ပါတယ်။

မန်စီးတီးဟာ ဝုလ်ဗ်အိမ်ကွင်းမှာ ကစားရတိုင်း ရုန်းကန်ရလေ့ရှိပြီး မနေ့ညကပွဲမှာလည်း ဒီအစဉ်အလာဆိုးကို မဖျောက်နိုင်ခဲ့ပါဘူး။ ဒီအကြောင်းကိုလည်း ဂွါဒီယိုလာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ဖူးပြီး တကယ်တမ်း ပွဲကစားချိန်မှာလည်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က