ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ပြောခဲ့ပါတယ်။

လက်ရှိအခြေအနေကတော့ ဆိုးရွားနေခဲ့ကာ အသင်းခြေစွမ်းနဲ့ နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်၊ ဆုံးဖြတ်ချက်တွေက ဝေဖန်ပြစ်တင်ချင်စရာတွေဖြစ်လာခဲ့ရပါတယ်။ 


ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာက လက်စတာကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ဖို့ထိုက်တန်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ပွဲအပြီးမှာ အသင်းရှုံးပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ပျက်မှုကို ပေါ့ဂ်ဘာက ကွယ်ဝှက်ထားခဲ့ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပဲပြောဆိုသွားခဲ့ကာ သူတို့အသင်းအနေနဲ့ အရှုံးပေးရဖို့ ထိုက်တန်လွန်းခဲ့တယ်လို့ မှတ်ချက်ပြုသွားခဲ့တာဖြစ်ပါတယ်။ 



ယူနိုက်တက်ကတော့ လက်ရှိမှာ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၃ ပွဲစလုံး နိုင်ပွဲပျောက်နေခဲ့ပြီး တစ်မှတ်သာရရှိခဲ့ပါတယ်။ ရာသီအစကိုကောင်းကောင်းစနိုင်ခဲ့ပေမယ့်လည်း လက်ရှိအခြေအနေကတော့ ဆိုးရွားနေခဲ့ကာ အသင်းခြေစွမ်းနဲ့ နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်၊ ဆုံးဖြတ်ချက်တွေက ဝေဖန်ပြစ်တင်ချင်စရာတွေဖြစ်လာခဲ့ရပါတယ်။ 

"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီလိုပွဲမျိုးတွေကို ကျွန်တော်တို့ကစားနေတာ ကြာခဲ့ပါပြီ၊ ကျွန်တော်တို့ ပြသနာကိုမရှာနိုင်သေးဘူး၊ ဂိုးတွေကိုလွယ်လွယ်လေးပေးနေတယ်၊ အရမ်းမိုက်မဲတဲ့ဂိုးတွေပါ၊ ပိုပြီးရင့်ကျက်လာဖို့၊ ပိုကောင်းတဲ့အတွေ့အကြုံတွေနဲ့ကစားဖို့၊ ကောင်းသောနည်းလမ်းနဲ့ တင်တင်စီးစီးကစားနိုင်ဖို့ လိုအပ်နေပါပြီ၊ တခုခုကိုရှာဖွေရတော့မှာဖြစ်ပြီး ပြောင်းလဲဖို့ လိုအပ်နေပါပြီ" လို့ BBC က တဆင့် ပေါ့ဂ်ဘာက ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ အဝေးကွင်းမှာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ခံစစ်ပိုင်းအမှားကြောင့် ချေပဂိုးပြန်ပေးခဲ့ရကာ ဦးဆောင်ဂိုးလည်း ပြန်ပေးခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်က လူစားဝင်လာပြီးနောက် ပြန်လည်ချေပနိုင်ခဲ့လို့ စိတ်သက်သာရာရလို့မှမဆုံးခင် လက်စတာက စပေးဘောပြန်ပေးပြီး ချက်ချင်းဆိုသလိုပဲ ဗာဒီက အနိုင်ဂိုးသွင်းယူခဲ့ကာ ပွဲပြီးခါနီးမှာ ထောင့်ကန်ဘောကတဆင့် နောက်တစ်ဂိုးသွင်းပြီး အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

Share

က္က