ရဲတပ်ဖွဲ့က အကျဥ်းထောင်တွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများနဲ့ ဘလိတ်ဓားများကို တွေ့ခဲ့ပါတယ်

အီကွေဒေါနိုင်ငံရှိ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ Litoral Penitentiary အကျဥ်းထောင်မှာ ပြိုင်ဘက်ဂိုဏ်းဝင်များကြား အပြန်အလှန်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံး ၆၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ထိုအကျဥ်းထောင်မှာပင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ပြိုင်ဘက်ဂိုဏ်းများကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အကျဥ်းသား ၁၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ ယခုနှစ်အတွင်း အီကွေဒေါ အကျဥ်းထောင်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းတွေနဲ့ဆက်စပ်တဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်အထိ လူ ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။



Litoral Penitentiary အကျဥ်းထောင်မှာ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ ပြိုင်ဘက်ဂိုဏ်းဝင်များကြား အကြမ်းဖက်တိုက်ခိုက်မှုဟာ အီကွေဒေါသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုမှာ အကျဥ်းထောင်တွင်း အဆောင်တစ်ခုမှ အကျဥ်းသားတွေက အပေါက်တစ်ခုက အခြား အဆောင်ကို ကူးသွားခဲ့ပြီးနောက် ပြိုင်ဘက်ဂိုဏ်းဝင်တွေကို တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။

(Photo: Getty Images)

ဒါ့အပြင် ဖေဖေါ်ဝါရီလအတွင်းကလည်း အခြား အကျဥ်းထောင်တွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အကျဥ်းသား ၇၉ ဦး သေဆုံးခဲ့ပါတယ်။ ယခုနောက်ဆုံး ထပ်မံဖြစ်ပွားခဲ့တဲ့ Guayaquil မြို့ရှိ Litoral Penitentiary အကျဥ်းထောင်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဟာ သောကြာနေ့ (နိုဝင်ဘာ ၁၂ ရက်) ညပိုင်းမှာ စတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က အကျဥ်းထောင်တွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများနဲ့ ဘလိတ်ဓားများကို တွေ့ရှိခဲ့ကြောင်း သတင်းတွေက ပြောပါတယ်။ ထိုအကျဥ်းထောင်မှာ စနေနေ့ (နိုဝင်ဘာ ၁၃ ရက်) နှောင်းပိုင်းကလည်း နောက်ထပ် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သေးကြောင်း သတင်းတွေက ပြောပါတယ်။

(Photo: Getty Images)

အကျဥ်းထောင်အပြင်ဘက်မှာ စစ်တပ်ချထားပြီး လက်နက်တပ်ဆင်ထားတဲ့ စစ်ဘက်သုံးယာဥ်များကိုလည်း ဖြန့်ကျက်ထားကြောင်း သိရပါတယ်။ အကျဥ်းသားတွေရဲ့ မိသားစုနဲ့ မိတ်ဆွေတွေက အကျဥ်းထောင်အပြင်ဘက်မှာ စုရုံးရောက်ရှိနေကြပြီး ထောင်တွင်းမှ အခြေအနေကို သိရှိနိုင်ရန် စောင့်ဆိုင်းနေခဲ့ကြပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထောင်မှစောလွှတ်ခဲ့ပြီးနောက် ပြိုင်ဘက်ဂိုဏ်းဝင်များကြား အကျဥ်းထောင်ထဲမှာ ပိုင်နက်အငြင်းပွားရာမှ အကြမ်းဖက်မှု စတင်ခဲ့ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကျဥ်းထောင်တွင်းနေရာမှာ အကျဥ်းသား ၇၀၀ ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အီကွေဒေါနိုင်ငံရှိ အကျဥ်းထောင်တွေဟာ လက်ခံနိုင်တဲ့ အကျဥ်းသားဦးရေထက် လက်ရှိမှာ ၉,၀၀၀ ခန့် ပိုများနေပါတယ်။ Litor


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က