ပြည်တွင်းထုတ်အလှကုန်ပစ္စည်းအချို့ပါဝင်ပါတယ်။

ဈေးကွက်အတွင်းရောင်းချနေတဲ့ နာမည်ကြီးတံဆိပ်အချို့ အပါအဝင် သုံးစွဲရန် မသင့်တဲ့ အလှကုန်ပစ္စည်း ၇ မျိုးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ကြေညာလိုက်ပါတယ်။


Photo- FDA (ဈေးကွက်အတွင်းသိမ်းဆည်းရမိတဲ့ အလှကုန်ပစ္စည်းအချို့)

ပြည်တွင်းနာမည်ကြီး အလှကုန်ပစ္စည်းဖြစ်တဲ့ မဒီ တင်းတိပ်ဝက်ခြံပျောက်ဆေး၊ HUDA Beauty Liquid Matte Lipstick No- 30၊ 3C6 Style Nanda Lipstick၊ PEINFEN Tine Plum Color No- 01၊ Xiazhimei Matte Lipstick ၊ Comfor Beauty Lipstick No-07၊ ထိုင်းနိုင်ငံထုတ် Rose Super Whitening Night Cream (15) g တို့မှာ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေကြောင်းစစ်ဆေးတွေ့ရှိရတာကြောင့် အများပြည်သူသုံးစွဲရန်မသင့်ဘူးလို့ အသိပေးထားကြောင်း FDA ကသတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကုန်ပစ္စည်းတွေမှာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းနဲ့ အဖြူအနီကွက်တွေ ဖြစ်ခြင်းတွေ ဖြစ်စေတဲ့ Mercury (+) ၊ Lead (+) ၊ Rhodamine B (+) နဲ့ Triamcinolone (+) စတဲ့ တားမြစ် ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

Merury (+) ဓာတုပစ္စည်းမှာ အရေပြားကတစ်ဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ စိတ်ကျရောဂါတွေ အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။

Triamcinolone (+) မှာ အရေပြားပါးလွှာခြင်း၊ ဆဲလ်ရောင်ရမ်းခြင်း၊ အရေပြားပါးလွှာပြီး ပိုးဝင်နိုင်ခြင်း၊ အရေပြားဖြူဖျော့လာခြင်းတို့ အပြင် ရေရှည်သုံးစွဲပါက မျက်စိအတွင်းတိမ်၊ မျက်နှာဖောရောင်၊ဆီးချို၊သွေးတိုးရောဂါ၊ ကလေးကြီးထွားမှု ဟန့်တားခြင်း၊ အရိုးပွရောဂါနှင့် ကျောက်ကပ်ရောင် ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။

Rhodamine B (+) အရောင်ဆိုးဆေးမှာ အဝတ်အထည် တွေ အရောင်ဆိုးရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပြီး ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

အလှကုန်ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကားဆိုင်တွေအနေနဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းတွေကို ကျင့်ဝတ်အရ လုံး၀ မပြုလုပ်ဖို့ လိုက်နာခြင်းမရှိတဲ့ ကုမ္ပဏီတွေကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ အပိုဒ် (၃) ဃ အရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Share

Loading Next Article...
က္က