အဲဗာတန်နဲ့ပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အဲဗာတန်နဲ့ တနင်္ဂနွေနေ့မှာ ကစားဖို့ ပွဲစဥ်ဇယား ရေးဆွဲခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ လုပ်ရပ်ကို စိတ်ပျက်နေပြီး ဒီအပေါ်မှာ နားလည်နိုင်ခြင်းမရှိသည့်တိုင် ရန်လည်းတွေ့နေတော့မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် ပြိုင်ပွဲနှစ်ခုလုံးမှာ အရေးကြီးတဲ့ အခြေအနေကို ရောက်ရှိနေတာပါ။



မနက်ဖြန်ညမှာတော့ အဲဗာတန်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက် ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အတွက် ပြင်ဆင်ချိန် (၇၂) နာရီသာသာပဲ ရရှိတာပါ။ ဒီအပေါ်မှာ ဂွါဒီယိုလာက “နောက်ဆုံးကျ ကျွန်တော်တို့ စနေနေ့မှာ ကစားခွင့်မရခဲ့ပါဘူး”

“ဘာကြောင့်လဲဆိုတော့ Eurovision ပွဲကြောင့် ဒါမှမဟုတ် လီဗာပူးကလိုမျိုး ပွဲတစ်ခုခုကြောင့်ပေါ့။ တစ်ခါတလေကျရင် ကျွန်တော်တို့က အရေးကြီးတဲ့ပွဲနှစ်ပွဲကို ကိုင်တွယ်နိုင်ဖို့ လုံခြုံရေး အင်အား မလုံလောက်ပါဘူး။ နားမလည်နိုင်တော့ပေမယ့် ကျွန်တော်လည်း ဒီ့ထက်ပိုပြီး ရန်ဖြစ်နေတော့မှာ မဟုတ်ပါဘူး။ ဒါနဲ့ပဲ အသားကျအောင် နေရမှာပေါ့”

“ကျွန်တော် ဘာတတ်နိုင်မှာလဲ။ ကျွန်တော်တို့က ပြင်ဆင်ချိန်ပိုရဖို့ စနေနေ့မှာ ကစားချင်တာပါ။ ပရီးမီးယားလိဂ်ကလည်း အသင်းတွေကို ကူညီချင်တာ သေချာပါတယ်။ ဒါပေမယ့် သူတို့က အဆင်ပြေအောင် မလုပ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ဒုတိယနေရာက အာဆင်နယ်ထက်လည်း တစ်ပွဲလျော့ကစားထားပါတယ်။ မန်စီးတီးအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေ ဆုဖလားသုံးလုံးကို အရယူပြီး သမိုင်းသစ် ရေးထိုးနိုင်ဖို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က