အရင်က Huawei ရဲ့ အန်းဒရိုက်အစားထိုး OS သစ်ဟာ Hongmeng ၊ Ark/Oak စသည်ဖြင့် နာမည်တွေ ထွက်ခဲ့တာ ဖြစ်ပြီး အခုတော့ နောက်ထပ် နာမည်အသစ်နဲ့မူပိုင်ခွင့် လျှောက်လိုက်ပြီ ဖြစ်ပါတယ်။
ဥရောပဉာဏမူပိုင်ခွင့်ရုံး (EUIPO) မှာ Huawei ကနေ တင်လိုက်တဲ့ သူ့ရဲ့ အရန် Mobile OS သစ်ရဲ့ နာမည်ကတော့ Harmony လို့ခေါ်ပါတယ်။ Let’sGoDigital သတင်းကနေ ဖော်ပြချက်အရ Huawei ရဲ့ Harmony OS သစ်ကို EUIPO မှာ မှတ်ပုံတင်ချိန်မှာ Mobile OS ၊ Computer OS နဲ့ဒေါင်းလုပ်ဆွဲနိုင်တဲ့ OS programs နဲ့ဆက်စပ်ပြီး မှတ်ပုံတင်ထားတယ်လို့ဆိုပါတယ်။
Photo: Let'sGoDigital
EUIPO မှာ တင်တဲ့ လျှောက်လွှာကို Forresters လို့ခေါ်တဲ့ လုပ်ငန်းတစ်ခုကနေ တင်ပေးထားတာ ဖြစ်ပြီး ဒီထဲမှာ Huawei ရဲ့ Hongmeng OS နဲ့P Smart Z အတွက် မှတ်ပုံတင်ထားတာလည်း ပါနေပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က အသစ်တင်ထားတဲ့ Trademark မှတ်ပုံတင်အရ Harmony ဟာ Huawei ရဲ့ အရန် OS အတွက် နောက်ထပ် နာမည်သစ်လို့ဆိုရမှာပါ။
ဇူလိုင် ၁၂ ရက်နေ့မှာပဲ Harmony နာမည်နဲ့မှတ်ပုံတင်မှူကို ယူကေနိုင်ငံက IPO ( ဉာဏမူပိုင်ခွင့်ရုံး) မှာ တင်ခဲ့ပါတယ်။ Huawie ရဲ့ ကိုယ်ပိုင် OS သစ်ကို ဈေးကွက်မှာ ကြေငြာမယ့် ရက်မသိရသေးပေမယ့် ပြင်သစ်မဂ္ဂဇင်း Le Point နဲ့တွေ့ဆုံခန်းတစ်ခုမှာ Huawei ရဲ့ အမှူဆောင်အရာရှိချုပ် ယူချင်တောင်မှ Huawei OS သစ်ကို ယခုနှစ်ကုန်အတွင်း တရုတ်က Users တွေအတွက် မိတ်ဆက်သွားဖို့ရှိတယ်လို့ပြောခဲ့ပါတယ်။
Photo: The Standard
Huawei OS သစ်ကို တစ်ကမ္ဘာလုံးမှာ မိတ်ဆက်မယ့် အချိန်ဟာ လာမယ့် ၂၀၂၀ ပထမ ၃ လပတ်အတွင်း ဖြစ်ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ မေလကုန် ဇွန်လဆန်းကစပြီး Huawei ဟာ ကုမ္ဗဏီရဲ့ OS သစ်ကို မှတ်ပုံတင်မှူ အများအပြားလုပ်လာခဲ့ပါတယ်။ Hongmeng OS (HMOS) ဟာ တရုတ်မှာ ခေါ်မယ့် နာမည်ဖြစ်ဖို့ရှိပြီး Ark OS ကတော့ Global မှာ ခေါ်မယ့် နာမည်ဖြစ်ဖို့များပါတယ်။
သတင်းတွေမှာောတ့ Huawie OS သစ်ဟာ လက်ရှိအန်းဒရိုက် apps တွေနဲ့အလုပ်လုပ်နိုင်မယ့် OS စနစ်ဖြစ်ပြီး Android ထက် ၆၀% ပိုမြန်မယ်လို့သတင်းထွက်ထားပါတယ်။