Like လည်းများရော Media ဆိုပြီး လုပ်လိုက်တာတွေတောင် ရှိနေတယ်။

ပရိသတ်တွေရဲ့ အချစ်တော် ခေတ်နဲ့သစ်တို့ရဲ့ မေမေချစ်သုဝေတစ်ယောက် နာမည်တူ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေကြောင့် စိတ်ညစ်နေ ရပါတယ်။ သူမနာမည်နဲ့ ပေ့ချ်တွေ ဖွင့်ထားပြီး  ပရိသတ်တွေများလာ Like တွေများလာတော့မှ မီဒီယာပေ့ချ်ဆိုပြီး လုပ်ချလိုက်တာ တွေ နဲ့တောင် ကြုံနေရပါတယ်။



ဒါပေ့ချ်အစစ်ပါ။

 

ပရိသတ်တွေရဲ့ အချစ်တော် ခေတ်နဲ့သစ်တို့ရဲ့ မေမေချစ်သုဝေတစ်ယောက် နာမည်တူ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေကြောင့် စိတ်ညစ်နေ ရပါတယ်။ သူမနာမည်နဲ့ ပေ့ချ်တွေ ဖွင့်ထားပြီး  ပရိသတ်တွေများလာ Like တွေများလာတော့မှ မီဒီယာပေ့ချ်ဆိုပြီး လုပ်ချလိုက်တာ တွေ နဲ့တောင် ကြုံနေရပါတယ်။

Photo : ချစ်သုဝေ FB

 

ဒါကြောင့် ချစ်သုဝေက သူမရဲ့ ပရိသတ်တွေ ရှင်းရှင်းလင်းလင်းသိစေဖို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ယခုလို ပြောပြထားတာ တွေ့ရပါ တယ်။

"Treza တကယ်သုံးတာ ဒီ account နဲ့ page လေးပါနော်!ကျန်သော page မှန်သမျှနှင့် သက်ဆိုင်ခြင်းလုံးဝမရှိပါ..."ကိုယ့်ကိုချစ်၍ လုပ်ပေး ထားတာ ဟုရေးနေသော like 1M ကျော် page ကတော့ message ပို့လျှင် ပြန်ခြင်းအလျှင်းမရှိပဲ အခုဆို Newspaper ဟုပင်ပြောင်းလဲပြီး သတင်းmediaလုပ်လိုက်ပါပြီ...(likeစု စရာမလိုတော့ဘူးပေါ့လေ).."..လူတွေကလည်း likeလုပ်ထားပြီးတင်သမျှဝင်ဖတ်နေဦးမှာပါပဲ.. တကယ်ကို စိတ်လည်းမကောင်းပါ" ဆိုပြီး အောက်တိုဘာ(၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ချစ်သုဝေ FB

အလှပြင်ဆိုင်ရောက်နေတဲ့ ချစ်ဇနီးကို စနောက်လိုက်တဲ့ လင်းလင်း 

အားလုံးဘဝကို လိပ်ပြာသန့်စွာ ဖြတ်သန်းနိုင်ပါစေနော်ဆိုပြီး ချစ်သုဝေက ဆက်လက်ပြောထားတာလည်း တွေ့ရပါတယ်။

"စိတ်တွေလည်းရှုပ်ပါတယ်..ဒီခေတ်အခါဟာ ခေတ်ပျက် လူပျက် အရပ်ပျက် ဇာတ်ပျက် ခေတ်ပါပဲ.. အတုတွေ ဖြတ်လမ်းတွေ အကျိုးဖြစ် ထွန်းတဲ့ ခေတ်လိုဖြစ် နေတော့ အတွေးမှား အလွယ်လမ်းလိုက်ပြီး ကြိုးစားချင်စိတ် ရုန်းကန်ချင်စိတ် ပျောက်ဆုံးမှုတွေဟာ generation တစ် ဆက်ပြီး တစ်ဆက်သယ်ဆောင်နေကြမှာ ကို စိတ်နှလုံးလေးလံစွာ တွေးပူရပါတယ်။ အားလုံး ဘဝကို လိပ်ပြာသန့်စွာ ဖြတ်သန်းနိုင်ပါစေနော်.." လို့ သူမက ပြောထားပါသေးတယ်။

Photo : ချစ်သုဝေ FB

 

ပရိသတ်တွေ သူမရဲ့ ပေ့ချ်အတုနဲ့ အစစ်သိစေနိုင်ဖို့အတွက်ကိုလည်း ပုံလေးတွေနဲ့ ပြထားပါသေးတယ်။ ချစ်သုဝေဟာ လက်ရှိမှာ အမြွှာ သမီးလေးတွေကို စောင့်ရှောက်ရင်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိပါတယ်။ချစ်သုဝေဟာ သမီးလေးအတွက်လည်း မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာအသစ်တွေကို ချပြနိုင်ဖို့ ကြိုးုစားနေသူပါ။

Photo : ချစ်သုဝေ FB

 

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေး တွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်း နဲ့ချီ ရှိနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က