အာဆင်နယ်ကို လာဖို့ ဖိတ်ခေါ်လိုက်တာပါ။

အာဆင်နယ်ပရိသတ်တဦးဖြစ်တဲ့ ပီယာ့စ်မော်ဂန်ကတော့ နာပိုလီနဲ့ ပြသနာတက်နေတဲ့ တိုက်စစ်မှူးအော့ဆီမန်ကို အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။ နာပိုလီဟာ သူတို့ရဲ့ TikTok အကောင့်မှာ အော့ဆီမန် ပင်နယ်တီလွဲချော်နေတာကို လှောင်ပြောင်တဲ့ သဘောနဲ့ တင်ခဲ့တဲ့နောက် ကစားသမားရဲ့ အမျက်ထွက်မှုကို ခံနေရပါတယ်။ 

အော့ဆီမန်က သူ့ရဲ့ အင်စတာဂရမ်အကောင့်က နာပိုလီဂျာစီနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအားလုံးကို ဖယ်ရှားလိုက်တဲ့အထိ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် တရားဥပဒေအရ ရင်ဆိုင်ဖို့အထိပါ ပြင်ဆင်နေတယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူက ပြောဆိုခဲ့ပြိး တင်းမာမှုတွေက မြင့်တက်နေတာပါ။ 



ဒီသတင်းကို ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ရာမှာ ပီယာ့စ်မော်ဂန်က "ဒါမျိုးဆက်ဆံခံရတာတော့ မခံနဲ့ အော့ဆီမန်ရေ၊ အာဆင်နယ်ကိုသာ လာခဲ့လိုက်" လို့ ရေးသားပြီး တုံ့ပြန်ထားတာပါ။ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ နာပိုလီမှာ နည်းပြသစ်ရူဒီဂါစီယာလက်အောက်မှာ မနှစ်ကလို ခြေစွမ်း​ြပြနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ပွဲမှာလည်း သူ့ကို လူစားလဲခဲ့လို့ အော့ဆီမန်က ပေါက်ကွဲခဲ့ပြီး သူ့အပြုအမူအတွက် နောက်မှသာ ပြန်လည်တောင်းပန်ခဲ့တာပါ။ အခုအခါမှာ သူနဲ့ နာပိုလီအခြေအနေကို ဥရောပအသင်းကြီးတွေက​ စောင့်ကြည့်နေပြီဖြစ်ပြီး အခွင့်အရေးရရင် ခေါ်ယူဖို့ ကြိုးစားမှာ သေချာပါတယ်။ ဒါပေမယ့် ပီယာ့စ်မော်ဂန်က အားလုံးထက် ပိုမြန်နေပြီး အာဆင်နယ်ကိုလာဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က