၂၀၂၅ ခုနှစ်ကစလို့ အဆင့်သင့် ထုတ်ပေးနိုင်တော့မှာပါ

နာဆာအာကာသအဖွဲ့အစည်းရဲ့ အာကာသယာဉ်မှူးတွေအတွက် အာကာသဝတ်စုံသစ်တွေကို ပုဂ္ဂလိကကုမ္ပဏီနှစ်ခုက ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ 

အမျိုးသားအာကာသ နှင့် လေကြောင်းဦးစီးဌာန NASA အဖွဲ့အစည်းဟာ လပေါ်မှာ လူဆင်းသက်မယ့် Artemis လအစီအစဉ် နဲ့ နိုင်ငံတကာအာကာသစခန်း ISS မစ်ရှင်တွေအတွက် အာကာသဝတ်စုံသစ်တွေ ထုတ်ဖို့ Axiom Space နဲ့ Collins Aerospace ကုမ္ပဏီနှစ်ခုကို ရွေးချယ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ ၂၀၃၄ ခုနှစ်အထိ ကြာမယ့် NASA မစ်ရှင်တွေအတွက် အာကာသဝတ်စုံ ထောက်ပံ့ပေးဖို့ စုစုပေါင်း ဒေါ်လာ ၃.၅ ဘီလျံတန်တဲ့ ကန်ထရိုက်ကို ဒီကုမ္ပဏီနှစ်ခုက ရရှိခဲ့တာပါ။ 





Collins Aerospace ဟာ NASA အတွက် အရင် ဆယ်စုနှစ်တွေကတည်းက အာကာသဝတ်စုံ ထုတ်ပေးတဲ့ အတွေ့အကြုံရှိထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး Axiom ကတော့ အခုမှ ကန်ထရိုက်ရလာတာပါ။ လာမယ့် ၂၀၂၄ ခုနှစ်က စလို့ Axiom Space ဟာ ယူကေအခြေစိုက် Space Entertainment Enterprise (SEE) ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတကာ အာကာသစခန်း ISS မှာ ကမ္ဘာ့ပထမဆုံး အာကာသရုပ်ရှင်စတူဒီယိုနဲ့ အားကစားကွင်းတစ်ခုပါ ချိတ်ဆက်တည်ဆောက်သွားမယ်လို့ ကြေညာထားပါတယ်။ 

ကုမ္ပဏီနှစ်ခုဟာ ၂၀၂၅ ခုနှစ်က စလို့ NASA ကနေ လုပ်‌ဆောင်သွားမယ့် Artemis 3 လဆင်းမစ်ရှင် နဲ့ ISS အပြင်ဘက် သရုပ်ပြမစ်ရှင်တွေအပါအဝင် အာကာသမစ်ရှင်တွေအတွက် အော်ဒါတွေ တာဝန်ယူ ထုတ်လုပ်ကြတော့မှာပါ။ ကုမ္ပဏီနှစ်ခု ထုတ်လုပ်မယ့် မျိုးဆက်သစ် အာကာသဝတ်စုံတွေဟာ ISS ပေါ် အာကာသလမ်းလျှောက်မှု လုပ်တာ အပြင် လကမ္ဘာစူးစမ်းလေ့လာရေးမှာလည်း အသုံးပြုတော့မှာ ဖြစ်ပါတယ်။ 


NASA ဘက်က xEMU Equipment (အာကာသ စူးစမ်းလေ့လာရေး လှုပ်ရှားမှုယူနစ်) သစ်အတွက် နည်းပညာနဲ့ ဘေးကင်းရေးစံစနစ်တွေ သတ်မှတ်ပေးသွားမှာပါ။ ဝတ်စုံ ဒီဇိုင်း ၊ ဖွံ့ဖြိုးရေး ၊ အရည်အသွေးမှီဖို့နဲ့ ထောက်ခံချက်ရဖို့အပြင် လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းကိရိယာတည်ဆောက်ရေးကိုတော့ ကန်ထရိုက်ပါတနာတွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။ NASA အာကာသယာဉ်မှူးတွေအတွက် Spacesuit ဝတ်စုံသစ်တွေဟာ လာမယ့် ၂၀၂၅ ကစလို့ အဆင့်သင့် ထုတ်လုပ်ပြီး ဖြစ်နေဖို့လည်း သတ်မှတ်ထားပါတယ်။ 

လက်ရှိ NASA မှာ သုံးနေတဲ့ အာကာသဝတ်စုံတွေဟာ အရင်နှစ်ပေါင်း ၄၀ ကတည်းက Spacesuit တွေ ဖြစ်တယ်လို့ NASA ရဲ့ Johnson Space Center ညွှန်ကြားရေးမှူး ဗန်နက်ဆာ ဝိုင်ချီက ပြောပါတယ်။ ဝတ်စုံသစ်တွေမှာ ပါမယ့် စွမ်းဆောင်ရည်တွေက NASA ရဲ့ ISS ခရီးစဉ်ကို ဆက်လည်ပတ်စေမှာ ဖြစ်သလို Atremis Program နဲ့ အင်္ဂါဂြိုလ်သွား မစ်ရှင်တွေပါ အထောက်အပံ့ပေးမယ်လို့လည်း သူမက ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က